စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၁ ခုနှစ်၊ မေလထုတ် သုတပဒေသာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၁ ခုနှစ်၊ မေလ၊ အတွဲ(၄၈)၊ အမှတ်(၅) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာစာစောင်၏ မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ '' ဉာဏ်ရည်တု (AI) ဆိုင်ရာ သိကောင်းစရာ'' ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် အတုဉာဏ်(AI)၊ ဉာဏ်ရည်တုအကြောင်း သိကောင်းစရာ၊ ကဗျာကဏ္ဍတွင် သင်ချစ်ရမယ်ဆိုရင်၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ဘယ်တော့မှ မမှားနိုင်ဟု ယူဆပါ၊ လူတိုင်း တစ်ခုခုတော့ လုပ်နိုင်ပါတယ်၊ ဖြစ်နေသလို လုပ်ဆောင်ပါ၊ အမှားပြုမိခြင်း၏ အံ့ဖွယ်အစွမ်းသတ္တိ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် စီးပွားရေးလုပ်ငန်းနှင့် ပြောင်းလွယ်ပြင်လွယ်ရှိမှု၊ သဘာ၀ပတ်ဝန်းကျင်  ရှုထောင့်ဆိုင်ရာကဏ္ဍတွင် နှစ်ပေါင်း ၁၅၀ အတွင်း ရာသီဥတုပြောင်းလဲလာမှု၊ ထူးဆန်းအံ့ဩဖွယ် ပင်လယ်ပက်ကျိ၊ ရေထုညစ်ညမ်းမှု၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် သတိပြုဆင်ခြင်ဖွယ် ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်၊ လူကုန်ကူးမှု ဆိုင်ရာကဏ္ဍတွင် အသပြာနှောင်ကြိုး၏ စေစားရာ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၃၃)၊ လုံခြုံစိတ်ချရတဲ့ အစားအစာ၊ အိပ်ရေးဝဝ အိပ်စေလို၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ကိုယ့်ခြေထောက်ကို ကိုယ်တိုင် ဓားဖြင့်ဖြတ်ခဲ့သူ၊ ပျောက်ဆုံးနေသော သော့များအမှု၊ နေရစ်တော့ သေမင်း၊ ဝတ္ထုတိုကဏ္ဍတွင် သေကံမရောက် သက်မပျောက်သည့် လူကလေး၊ အစွဲအလမ်း၊ ပုံပြင်ကဏ္ဍတွင် ခြင်္သေ့၏ ပါးသိုင်းမွေး၊ ပျောက်ဆုံး သွားတဲ့ လက်စွပ်၊ အထွေထွေကဏ္ဍတွင် ထပ်ကျော့ခြင်း စွမ်းရည်၊ အတွေးတွေနဲ့ လူတစ်ယောက်၊ အနုပညာ မြတ်နိုးသောစိတ်နှင့် ဟာသ စသည်ဖြင့်် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။

သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈ သို့ ဆက်သွယ်      မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ