၁၅-၅-၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၂၀)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မေလ ၁၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၂၀)၌ အသံဩဇာကောင်းသော ကျော်ကြီးသည် မိမိ၏အသံကို အများပြည်သူလူထုအတွက် အကျိုးအရှိရှိ အသုံးချနိုင်ခဲ့ပုံအကြောင်းကို တင်ဆက်ထားသည့် “အအော်ကောင်း” မျက်နှာဖုံးကာတွန်း၊ လူတစ်ယောက် ဉာဏ်ကောင်းခြင်း၊ မကောင်းခြင်းသည် မိမိဦးနှောက်ကို ဘယ်လိုအသုံးချသည်ဆိုသော အချက်ပေါ် တွင် မူတည်နေကြောင်း ရေးဖွဲ့ထားသည့် “ဖိုးလပြည့်” နှစ်မျက်နှာကာတွန်း၊ ကလေးတို့အနေဖြင့် လူကြီးမိဘများ၏ ကောင်းစေချင်သော ရည်ရွယ်ချက်ဖြင့် ဆိုဆုံးမမှု များအပေါ် နာခံတတ်ရန် လိုအပ်ကြောင်း ရေးဖွဲ့ထားသည့် “မိဘ” နှစ်မျက်နှာကာတွန်း၊ ရေခမ်းနေသော ရေမြောင်းထဲရှိ ငါးများကိုဖမ်းကာ ဘုန်တော်ကြီးကျောင်းဝင်း အတွင်းရှိ ငါးကန်အတွင်း လွှတ်ပေးမည်ဆိုသော “ပုပုပါဝင်သည့် စားရန် မဟုတ် ရောင်းရန်မဟုတ်” နှစ်မျက်နှာကာတွန်း၊ ဦးလေးထံတွင် အလုပ်ဝိုင်းကူ လုပ်ပေးမည်ဆိုသော ရန်ပိုင်စိုးအကြောင်းကို ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်းနှင့် သူငယ်ချင်းများကို ကြည့်ပေါင်းတတ်သည် ဆိုသော ကျောက်ပုအကြောင်းကို ဟာသဖြစ်ဖွယ်ရေးဖွဲ့ထားသည့် “ကျောက်ပု” မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ သုတကဏ္ဍတွင် ငှက်ချစ်သူများနှင့် ငှက်များကို လေ့လာလိုသူများအနေဖြင့် ငှက်မျိုးစိတ် များ စုံလင်စွာရှိသော မိုးယွန်းကြီးအင်းသို့ လေ့လာခရီးသွားသင့်ပုံအကြောင်းကို တင်ဆက်ထားသည့် “မိုးယွန်းကြီးအင်း” သုတဆောင်းပါးနှင့် တန်ဖိုးရှိသော ဆင်သတ္တဝါများ မျိုးသုဉ်းပျောက်ကွယ် မသွားစေရန် ထိန်းသိမ်းစောင့် ရှောက်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “အဖိုးတန်ဆင်” သုတဆောင်းပါးကဏ္ဍတိုကို တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် ကလေးတို့အနေဖြင့် မိဘ အလုပ်ကို ဝိုင်းကူလုပ်ခြင်းမျိုးသာ ရှိသင့်ပြီး ကလေးအလုပ်သမားအနေဖြင့် မရှိသင့်ကြောင်း တင်ဆက်ထားသည့် “ပန်းတို့ပွင့်စေ လန်းပါစေ” ကလေးဝတ္ထုကို ဖတ်ရှုရမည်ဖြစ်သည်။ထို့ပြင် ကလေးတို့ကိုယ်တိုင် မျက်စိလျင်လျင်ဖြင့် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် ကလေးတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ကာတွန်းလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ စိတ်ကောင်း နှလုံးကောင်းထားကာ ကြိုးစားပါမှ တန်ဖိုးရှိသော လူသားများ ဖြစ်လာ မည်ဖြစ်ကြောင်းကို ရေးဖွဲ့ထားသည့် “လူ့တန်ဖိုး” ကဗျာတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် စာမေးပွဲဖြေဆိုကြမည့်သူများ စာကျက်နေခြင်းကို ပြောဆိုနေခြင်းနှင့် ဖိတ်ကြားထားသော မင်္ဂလာဆောင်သွားမည်ကို သူငယ်ချင်းနှစ်ယောက် အပြန်အလှန်ပြောဆိုခြင်းဆိုင်ရာ သင်ခန်းစာသစ်အချို့ကို လေ့လာနိုင်မည့် “ရွှေသွေး စကားဝိုင်း” ကဏ္ဍကိုပါ ကလေး လေ့လာ မှတ်သားနိုင်မည်ဖြစ်ပါသည်။ ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ