JPMC (Joint Project Monitoring Committee) အဖွဲ့၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား စာဆိုဗိမာန် တည်ဆောက်ခြင်းစီမံကိန်းသဘောတူညီချက် (Project Agreement) ပါ JPMC (Joint Project Monitoring Committee) အဖွဲ့၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၁-၂-၂၀၂၆ (ဗုဒ္ဓဟူး) နေ့ မွန်းလွဲ ၁ : ၀၀ နာရီတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၌ ကျင်းပခဲ့ပါသည်။ 

အစည်းအဝေးတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဘဏ္ဍာငွေသုံးစွဲပြီးစီးမှု အခြေအနေများ၊ စာဆိုဗိမာန်အဆောက်အအုံသစ် ဖွင့်ပွဲကျင်းပမည့် အစီအစဉ်များကို Power Point Presentation ဖြင့် ရှင်းလင်းပြသခဲ့ပြီး အပြီးသတ်ဆောင်ရွက်မည့်လုပ်ငန်းများကို သတ်မှတ်အချိန် ကာလအတွင်း ဆောင်ရွက်နိုင်ရေး အဖွဲ့ဝင်များကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ 

1-404
 

အကြံပြုစာ/တိုင်ကြားစာ