ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ကဗျာပေါင်းချုပ် ပထမဆုရရှိသည့် ခက်လှိုင်းကျော်၏ ‘စိတ်တစ်ဆင်စာ ကဗျာများ’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ကဗျာပုဒ်ရေ ၆၂ ပုဒ်ပါရှိပြီး လေးလုံးစပ်အလင်္ကာ၊ ဒွေးချိုး၊ လေးဆစ်ချိုး၊ လေးချိုး၊ တျာချင်း၊ နွယ်သာကီသံဖြတ် စသည်ဖြင့် မြန်မာကဗျာဖွဲ့နည်းစုံလင်စွာ ပါရှိသည်။ စပ်ထုံးစပ်နည်းများ မှန်ကန်သည့်အပြင် ရွတ်ဖတ်ရာတွင်လည်း ချိုသာပြေပြစ်သည်။ ကျေးလက် အလှ၊ မြန်မာမှု မြန်မာ့ဓလေ့၊ မိဘမေတ္တာ၊ နိုင်ငံချစ်စိတ်၊ ဇာတိမာန်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဆိုင်ရာ ကဗျာများ၊ အတွေးရသကဗျာများ စသည်ဖြင့် အကြောင်းအရာစုံလင်သည်။ ကဗျာအကြောင်းအရာများကို တင်ပြရာတွင်လည်း အတွေးသစ်၊ အမြင်သစ်၊ ရှုထောင့်သစ်များမှ ရှုမြင်ထားပုံများလည်းပါရှိပြီး တင်ပြပုံများ ကောင်းမွန်သည့် ကဗျာစာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၄၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။