ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄၁)၌ အပျင်းမကြီးတော့ဘဲ လူကြီးများ၏ ပြောစကားကို နားထောင်တော့မည်ဆိုသော ဝက်ဝံညီငယ်အကြောင်း သရုပ်ဖော်ထားသည့် “ဝက်ဝံညီအစ်ကို” မျက်နှာဖုံးကာတွန်း၊ အလုပ်ကြိုးစားသော မောင်ဝဏ္ဏသည် အလုပ်သမားများအပေါ် ငဲ့ညှာမှုမရှိသော သူဌေးကြီးအား အမြင်မှန်ရအောင် ပြုလုပ်ပေးနိုင်ခဲ့ပုံအကြောင်း သရုပ်ဖော်ထားသည့် “အကောင်းဆုံး သော ဟင်းလျာ” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးအပေါ် မနာလို အမုန်းပွား အကောက်ကြံရာက မိမိတွင်သာ ဒုက္ခရောက်ရသော မြေခွေးယုတ်အကြောင်း သရုပ်ဖော်ထားသည့် “ကောက်ကျစ်တဲ့ အကြံ ကိုယ်သာခံ” နှစ်မျက်နှာကာတွန်း၊ ကျေးဇူးရှင်အပေါ် ကျေးဇူးသိတတ်သော သူဆင်းရဲ တစ်ယောက်အကြောင်း သရုပ်ဖော်ထားသည့် “ကျေးဇူးသိသူ” နှစ်မျက်နှာကာတွန်း၊ ဖိနပ် မှားစီးမိသည်ဆိုသော ကိုမော့အကြောင်း သရုပ်ဖော်ထားသည့် “ပိတ်တောရွာက ကိုမော့ မှားစီးသွားတာပါ” တစ်မျက်နှာဟာသကာတွန်း၊ နှင့် နှစ်ရက်စာပါင်းပြီး ဘုရားကန်တော့လိုက်သော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ရေနွေးကြမ်းကို စနစ်တကျသောက်သုံးခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်း ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် ရှေးခေတ် မိရိုးဖလာ မိုးလေဝသခန့်မှန်းနည်းများအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် မိခင်အပေါ် သိတတ်လိမ္မာသော လီလီအကြောင်း ရေးသားထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထား သည့် ရွှေသွေးတို့လက်ရာကဏ္ဍ၊ ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူ သို့ အသိပေးနှိုးဆော်ချက်ကဏ္ဍနှင့် ဆောင်းဦးကာလ သဘာဝအလှများအကြောင်း ရေးဖွဲ့ထားသည့် ဆရာ မင်းရွှေမိုး၏ “ဆောင်း” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် အီဒီယမ်များအပြင် Two- word Verb ဟုခေါ်သော Phrasal Verbs များအကြောင်း ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။