၂၀-၉-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၈)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၈)၌ မိမိကိုယ် မိမိ အတ္တကြီး တစ်ကိုယ်ကောင်းမဆန်တော့ဘဲ အချင်းချင်း ကူညီရိုင်းပင်းတော့မည်ဆိုတော့ ရှဉ့်ညိုအကြောင်း သရုပ်ဖော်ထားသည့် “ရိုင်းပင်း ကူညီပါ” မျက်နှာဖုံးကာတွန်း၊ ရွှေကျီး‌လေးနှင့် အဒေါ်ကြီးတို့၏ အပြန်အလှန် တစ်ဦးပေါ် တစ်ဦး စေတနာထားကြပုံကို သရုပ်ဖော်ထားသည့် “ရွှေကျီးလေး” နှစ်မျက်နှာကာတွန်း၊ အချင်းချင်း မနာလို အကောက်ကြံမိရာက အသက်ပါဆုံးရှုံးခဲ့ရသော ခေါင်းနှစ်လုံးနှင့် ငှက်တစ်ကောင်အကြောင်း သရုပ်ဖော်ထားသည့် “မနာလို ဝန်တို” နှစ်မျက်နှာကာတွန်း၊ ဦးလေးထံတွင် နေ့တွက်ခ တောင်းလိုက်သော ရန်ပိုင်စိုးအကြောင်း သရုပ်ဖော်ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်း၏ အဖေက အလွန်ဉာဏ်ကောင်းကြောင်း ပြောပြလိုက်သော မြဂျိုးအကြောင်း သရုပ်ဖော်ထားသည့် “မြဂျိုးနှင့် ဉာဏ်ကောင်းသော ဖေဖေ” တစ်မျက်နှာဟာသကာတွန်းနှင့် ညီလေးမွေးပေးရန် အကြံပြုလိုက်သော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသ ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

     သုတကဏ္ဍအနေဖြင့် ကန်စွန်းဥတွင် ပါဝင်သည့် လူကို အကျိုးပြုစေသည့် အာဟာရဓာတ် များအကြောင်း ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် ဘာသာစကားအသစ်တစ်ခုကို သင်ယူ လေ့လာခြင်းသည် စိတ်ထဲတွင် ပန်းဥယျာဉ်လေးတစ်ခုကို စိုက်ပျိုးခြင်းနှင့်် တူကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် မက်ဂီနှင့် မာရီတို့သည် ဘိုးဘိုးဘွားဘွားတို့ဆီ အလည်သွားရောက်ခဲ့ရာ အလွန်ကို ပျော်ရွှင်စရာကောင်းပြီး အကျိုးကျေးဇူးလည်း များစွာ ရရှိခဲ့ကြပုံအကြောင်း ရေးသားထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍ၊ ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်ကဏ္ဍနှင့် နေ့စဉ် သွားကို စနစ်တကျတိုက်ပေးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအကြောင်း ရေးဖွဲ့ထားသည့် ဆရာ မင်းနီခိုင် (မောင်တော)၏ “သွားတိုက်ပါ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ဒယ်အိုးတစ်လုံး ဝယ်ယူရာ ရောင်းသူနှင့် ဝယ်သူ အပြန်အလှန်ပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောဆို ထားသည်ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။ 

    ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ