၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ၊ အတွဲ(၅၂)၊ အမှတ်(၈) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “နိုင်ငံ့စီးပွားတိုးတက်ရေး ကျွမ်းကျင်လုပ်သား တန်ဖိုးမြှင့်တင်ပေး” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် နိုင်ငံ့စီးပွားတိုးတက်ရေး ကျွမ်းကျင်လုပ်သား တန်ဖိုးမြှင့်တင်ပေး၊ ကျွမ်းကျင်လုပ်သားတန်ဖိုး မြှင့်ပေးရေး၊ လူငယ်ရေးရာကဏ္ဍတွင် ကျောင်းဖွင့်ပြီ၊ ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်သူ၊ ဖြုန်းမိလေသောကြောင့် ပြုန်းကြရလေသည်၊ စွံအောင်ရေးသူ၊ အပျံသင်စ ငှက်ငယ် များ လမ်းမမှားစေဖို့၊ လူ့စွမ်းရည်ဂုဏ်ဒြပ်နှင့် နည်းပညာ၊ စွန့်စားကယ်တင်သူများ၊ ကဗျာကဏ္ဍတွင် ပါရှန်ကဗျာစာဆို အိုမာခယမ်၏ ရူဘီယတ်ကဗျာများ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ် (BRI) တွင် မလေးရှား၏ မဟာဗျူဟာ ရည်မှန်းချက်များ၊ ဆေးသိပ္ပံနှင့် အင်ဖော် မေးရှင်းနည်းပညာ၊ အလင်းမဲ့ မည်းနက်စက်ရုံ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ရေးမှတ် ထားခြင်း အလေ့အကျင့်၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် မျိုးသုဉ်းလုနီး သားရဲတိရစ္ဆာန် များနှင့် အခြားမျိုးစိတ်များ၊ ဇာတ်တူသားစား တိရစ္ဆာန်များ၊ မြန်မာ - ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး ပူးပေါင်းဖြေရှင်းပေး၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် အီးဘိုက်ခေါ် လျှပ်စစ်ဘီးအသုံးပြုခြင်းနှင့် ပတ်သက်၍၊ MSME များနှင့် စိန်ခေါ်မှုများ (၂)၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍ တွင် မူးယစ်ရန်စွယ် အသွယ်သွယ်၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၈၀)၊ ကြက်သွန်ဖြူအစွမ်း အံ့မခန်း၊ လူအများ အလေးမထားသည့် ရောဂါလက္ခဏာများ၊ နေရာမှားသည့် နှလုံး အတွက် ရတက်ပွေရသော သမားတော်များ၊ ဝတ္ထုတိုကဏ္ဍတွင် ရှက်စိတ်၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ကျွန်မနဲ့ ဂျပန်အတွေ့အကြုံ၊ ဒါကို ပြန်ပေးဆွဲမှုလို့ ခေါ်မလား၊ အထွေထွေကဏ္ဍတွင် ရုပ်လောကကို တည်ဆောက် ကြသော အမှုန်လေးများ (ဒုတိယပိုင်း)၊ သူရဲကောင်း အချစ်တော် တိရစ္ဆာန်များ (၂)၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူ လိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။