၉-၈-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၂)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၂)၌ တွေ့ဆုံကြတုန်းခဏတွင် ချစ်ချစ်ခင်ခင်နေခြင်းသည် လောကအလှ တစ်ခုကို ဖော်ဆောင်နိုင်ကြောင်း သဘောပေါက်သွားသော မြက်ပင်ရှည်အကြောင်း သရုပ်ဖော်ထား သည့် “မြက်ပင်ရှည်နှင့် မိုးစက်လေး” မျက်နှာဖုံးကာတွန်း၊ လေးခွပစ်တော်သော ဂျာရစ်အကြောင်း သရုပ်ဖော်ထားသည့် “ဂျာရစ်” နှစ်မျက်နှာကာတွန်း၊ ဆေးရုံကြီးရှိ လူနာများက အားကိုးရသည့် အကျိုးဆောင်လေး နီတွက်အကြောင်း သရုပ်ဖော်ထားသည့် “အကျိုးဆောင်လေး” နှစ်မျက်နှာ ကာတွန်း၊ ညဘက်တွင်သာ အစာရှာထွက်ကြသည့် ဇီးကွက်တို့၏ ဒဏ္ဍာရီပုံပြင်အကြောင်း သရုပ်ဖော်ထားသည့် “ကျီးနဲ့ ဇီးကွက်” နှစ်မျက်နှာကာတွန်း၊ သန့်ရှင်းပြီး အဖိုးတန်သော လက်ဖြစ် အောင် ပြုမူနေထိုင်တော့မည်ဆိုသော မြဂျိုးအကြောင်း သရုပ်ဖော်ထားသည့် “ပန်ပန်နှင့် သန့်ရှင်း သောလက်” တစ်မျက်နှာကာတွန်းနှင့် လေးလံသော ကစားစရာပုံးကြီးကို မမနိုင်သောကြောင့်ဆို သော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

     သုတကဏ္ဍအနေဖြင့် မိုးရာသီတွင် အဖြစ်များလေ့ရှိသော ရောဂါများအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍတွင် ဥပုသ်နေ့တွင် မည်သည့်မကောင်းမှု အကုသိုလ်ကိုမှ မလုပ်တော့ဘူးဆိုသော ဖိုးတေ နှင့် ပေသီးအကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ကြောင်လေးကို ခွေး၏ ရန်က လွတ်အောင် ကယ်တင်ပေးနိုင်ခဲ့ပုံအကြောင်း ရေးသားထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍ၊ ငလျင်ဘေး အန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်ကဏ္ဍနှင့် သူ့ထက်ငါ မာန်တက်နေကြသော လက်ချောင်းလေးများကို အချင်းချင်း မာန်မာန မထားဘဲ စည်းလုံးစွာနေခြင်း သည် အင်အားတစ်ခုကို ဖြစ်စေကြောင်း ပြောပြနေသည့် လက်သူကြွယ်လေးအကြောင်း ရေးဖွဲ့ထား သည့် ဆရာခိုင်ချစ်အောင်၏ “မာန်” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် ဈေးဝယ်ထွက်ခြင်းနှင့်ဆိုင်သော အပြန်အလှန်ပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောဆိုထားသည်ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။ 

    ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ