၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ အတွဲ(၅၂)၊ အမှတ်(၇) ကို ထုတ်ဝေ လိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “အနာဂတ်ကမ္ဘာ စိမ်းလန်းစိုပြည်ဖို့ တစ်ပင်စိုက် တစ်ပင်ရှင်သန်အောင် အလေးထားဆောင်ရွက်စို့” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် အနာဂတ်အတွက် သစ်ပင် တစ်ပင် ရှင်သန်အောင် စိုက်ပျိုးဖို့၊ အနာဂတ်အကျိုး မျှော်ကိုးလို့ သစ်ပင်စိုက်ပျိုးကြပါစို့၊ လူငယ် ရေးရာကဏ္ဍတွင် သားသားမီးမီးတို့ရဲ့ ပညာရေး၊ မာရီကျူရီ သို့မဟုတ် အဏုမြူဓာတ်ကြွမှုကို တွေ့ရှိသူ၊ နမူနာသည် တရားစာထက် အသားပါသည်၊ လုပ်ငန်းခွင်ကို ကျေနပ်နှစ်သက်စေဖို့၊ အမျိုးကောင်းသား၊ တွေးတွေးဆဆ နှစ်ကာလများ၊ အံ့ဩဖွယ် မြေပြင်ပေါ်က ရုပ်ပုံကြီးများ၊ ကဗျာ ကဏ္ဍတွင် ပါရှန်ကဗျာစာဆို အိုမာခယမ်၏ ရူဘီယတ်ကဗျာများ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် တရုတ် နိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးမူဝါဒ၏ ဆင့်ကဲဖြစ်စဉ် ဟောပြောချက်များ၊ ငြိမ်းချမ်းရေး စူပါ ပါဝါ၊ စစ်ပွဲ စူပါပါဝါ၊ ဆေးသိပ္ပံနှင့် အင်ဖော်မေးရှင်းနည်းပညာ၊ သဘာဝပတ်ဝန်းကျင် ရှုထောင့် ဆိုင်ရာကဏ္ဍတွင် လိုဏ်ဂူများတွင် အလှဆင်၍ နေထိုင်ခြင်း၊ ဆန်၏ ခရီးလမ်းကြောင်း၊ မော်တော်ကား သံတိတ်၍ ဆိတ်ငြိမ်သောမြို့၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် တရုတ်နိုင်ငံ၏ အစိမ်းရောင်အခန်းကဏ္ဍ၊ MSME များနှင့် စိန်ခေါ်မှုများ (၁)၊ လူကုန်ကူးမှုဆိုင်ရာကဏ္ဍတွင် လူကုန်ကူးမှု တိုက်ဖျက်စို့၊ မူးယစ်ဆေးဝါး ဆိုင်ရာကဏ္ဍတွင် ခေတ်လူငယ်နှင့် သတိပြုဖွယ် ခေတ်မီမူးယစ်ဆေးများအန္တရာယ်၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၇၉)၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ ဂီတ၏ ရောဂါ ကုသရေး အစွမ်း၊ အလင်းရောင်ကုထုံး၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် နောက်ဆုံးအခွင့်အလမ်း၊ နှင်းသင်္ချိုင်းတွင် မြှုပ်နှံခံရခြင်း၊ အထွေထွေကဏ္ဍတွင် တန်ဖိုးမြင့်မား စိန်ပွင့်ပမာ အပြုံးများ၊ စာသင်ကျောင်းများတွင် မြေငလျင်ဇာတ်တိုက် လေ့ကျင့်ခြင်း၊ မတူမျှတဲ့ အယူအဆလေးတွေ၊ သူရဲကောင်း အချစ်တော် တိရစ္ဆာန်များ (၂)၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။