ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၄)၌ အဘိုးအိုသည် သူ၏ ဖြတ်ထိုးဉာဏ်ဖြင့် သားသုံးယောက်ကို ပညာပေးဆုံးမထားသည်ကို သရုပ်ဖော်ထားသော “ဖန်ကွဲစ သေတ္တာကြီး” မျက်နှာဖုံးကာတွန်း၊ ရန်ပိုင်စိုးသိချင်သော “ကောင်းမှုတစ်ခု၊ နေ့စဉ်ပြု” ဆိုသည့်အကြောင်းကို ဦးအောမှ ရှင်းပြထားသည်ကို သရုပ်ဖော်ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ ကျောင်းတက်ပျင်းသော ကျော်ကြီးမှာ အောင်ဘု ကျောင်းမတက်ရသည့် အကြောင်း ကို စဉ်းစားမိ၍ သူ့အမှားကို သိ၍ နောင်တရသွားသည့် အကြောင်း သရုပ်ဖော်ထားသည့် “ကျော်ကြီး” တစ်မျက်နှာကာတွန်း၊ ယုန်ကလေး၏ ဉာဏ်ပညာ ထက်မြက်ရဲရင့်မှုကြောင့် ဆင်အန္တရာယ်မှ ကင်းဝေးသွားသည့် သတ္တဝါလေးများအကြောင်းကို သရုပ်ဖော်ထားသည့် “ယုံအောင်ပြောတဲ့ ယုန်ကလေး” နှစ်မျက်နှာကာတွန်း၊ မွှေးရနံ့တို့တွင် မေတ္တာမွှေးရနံ့သည်သာ အမွှေးဆုံးဖြစ်သည်ဆိုသော ပန်ပန် အကြောင်း သရုပ်ဖော်ထားသည့် “ပန်းခရေလို မွှေးပါစေ” နှစ်မျက်နှာကာတွန်းနှင့် အသက်ငယ်ငယ်ဖြင့် မျက်မှန်တပ်သော အိပုမှာ စာများများဖတ်၍ မဟုတ်ဘဲ ဂိမ်းကစားခြင်းကြောင့်သာ ဖြစ်သည့်အကြောင်း ကို သရုပ်ဖော်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ကမ္ဘာမြေကြီးအကြောင်း ဗဟုသုတရဖွယ် ရေးသားထားသည့် “ကမ္ဘာမြေကြီး၏ အတွင်းပိုင်း တည်ဆောက်ပုံ” သုတဆောင်းပါးကဏ္ဍ၊ သူ့အမှားကို သိသွားသော သန်းထိုက်မှာ သူငယ်ချင်းခင်ဇော်အပေါ် တောင်းပန်ထားသည့်အကြောင်းကို ရေးသားထားသည့် “ဖန်ဂေါ်လီလေး တစ်လုံး” ဝတ္ထုကဏ္ဍ၊ မောင်ကျော်ဟိုး၏ ရိုးသားမှုကြောင့် အလုပ်ရှင်ဇနီးမောင်နှံက ‘အမွေစား အမွေခံ သား’ အဖြစ် မွေးစားလိုက်သည့်အကြောင်း ရေးသားထားသည့် “ရိုးသားခြင်းရဲ့ ရလဒ်” ပုံပြင်ကဏ္ဍနှင့် ကျေးလက်ဒေသတွင် ပန်းများ ဝေဝေဆာဆာပွင့်ပုံ၊ ငှက်ကလေး၏ အသံမှာ ချိုသာပုံနှင့် အရုဏ်ဦးမှာ ဆွမ်းလောင်းလှူပုံအကြောင်းတို့ကို ရေးဖွဲ့ထားသည့် “ကျေးလက်နံနက်” ကဗျာကဏ္ဍတို့ကို တင်ဆက် ထားပါသည်။ အင်္ဂလိပ်စာအနေနှင့် ပြောဆိုမည့် အကြောင်းအရာမှာ တစ်ခုတည်းဖြစ်ပေမဲ့ စကားအသုံး အနှုန်းပြောင်းပြီး ပြောဆိုထားသည်ကို လေ့လာနိုင်မည့် “ရွှေသွေးစကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။