“ထွန်းလှိုင် (မြိုင်)” ရေးသားသည့် “မွေးရပ်မြေနှင့် သူငယ်ချင်းနှင့် သုတရသ ဝတ္ထုတိုပေါင်းချုပ်” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ထွန်းလှိုင် (မြိုင်)” ရေးသားသည့် “မွေးရပ်မြေနှင့် သူငယ်ချင်းနှင့် သုတရသ ဝတ္ထုတိုပေါင်းချုပ်” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေဆု၊ ဝတ္ထုတိုပေါင်းချုပ်၊ တတိယဆုရရှိသည့် စာရေးသူ ထွန်းလှိုင် (မြိုင်) ၏ “မွေးရပ်မြေနှင့် သူငယ်ချင်းနှင့် သုတရသ ဝတ္ထုတိုပေါင်းချုပ်” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

မွေးရပ်မြေနှင့် သူငယ်ချင်းနှင့် သုတရသ ဝတ္ထုတိုပေါင်းချုပ်စာအုပ်တွင် ဝတ္ထုတို ၁၃ ပုဒ် ပါဝင်သည်။ ကျေးလက်ဒေသကို အခြေပြုသော ဝတ္ထုများဖြစ်သည်။ လယ်သမား၊ ယာသမား၊ ထန်းသမား၊ ကြက်သမားများ၏ဘဝ၊ တောကျောင်းဆရာ၊ ဆရာမများ၏ မေတ္တာစေတနာ၊ တိရစ္ဆာန်ဆေးကု ဆရာဝန်တို့၏ ကျွမ်းကျင်ရာ အတတ်ပညာနှင့် ကြိုးပမ်းမှု၊ လူပျိုကြီးတစ်ယောက်၏ ဘဝဇာတ်ကြောင်း၊ အပျိုကြီးများ၏ တိရစ္ဆာန်ချစ်တတ်ပုံနှင့် သံယောဇဉ်တရား စသော ဘဝအဖုံဖုံ၊ ဖြစ်ရပ်အစုံစုံတို့ကို ဇာတ်လမ်းဖွဲ့ ရေးသားထားသည်။ ရေးဖွဲ့ရာတွင် အကြောင်းရပ်ပိုင်နိုင်ခြင်း၊ သဘာဝယုတ္တိရှိခြင်း၊ လူ့သဘောမနော ပေါ်လွင်ခြင်း၊ အသေးစိတ် ဖော်ကျူးနိုင်ခြင်းတို့ဖြင့် သုတနှင့် ရသရော၍ စာဖတ်သူ စိတ်ဝင်စားအောင် နှစ်သက်စဖွယ် ရေးဖွဲ့ထားသည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၃ဝဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉- ၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ်၊ ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

အကြံပြုစာ/တိုင်ကြားစာ