“ဒီပံလင်း” ဘာသာပြန် ရေးသားသည့် “ကပ်ရောဂါဘေး ကင်းစေရေး” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ဘာသာပြန် (သုတ) ပထမဆုရရှိသည့် ဘာသာပြန်သူ ဒီပံလင်း ၏ “ကပ်ရောဂါဘေး ကင်းစေရေး” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ကိုဗစ်အပါအဝင် ကပ်ရောဂါများဘေးမှ ကာကွယ်ရန်အတွက် ပထမခြေလှမ်းအနေဖြင့် တောင့်တင်းခိုင်မာသော ကျန်းမာရေးစနစ်ကြီးတစ်ခုဖြစ်ရန် အခြေခံလိုအပ်ချက်များဖြစ်သော ရောဂါဖြစ်ပွားမှုကို အချိန်မီ ထောက်လှမ်းသိရှိပြီး သတင်းပို့နိုင်ရေးနှင့် ကာကွယ်ကုသပေးနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံရမည်။
ဒုတိယခြေလှမ်းမှာ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ သေဆုံးနေရသည့် အကြောင်းရင်းကို သေချာနားလည်သဘောပေါက်အောင် ပိုမိုကြိုးပမ်းဆောင်ရွက်သွားရန် ဖြစ်သည်။
တတိယခြေလှမ်းအားဖြင့် ရင်ဆိုင်တိုက်နေရသည့် ရန်သူ့အကြောင်း ကောင်းကောင်းသိထားရန် လိုအပ်သည်။ ထို့ကြောင့် အစိုးရများနှင့် ငွေကြေးထောက်ပံ့သော အဖွဲ့အစည်းများအနေဖြင့် အချိန်တိုတိုနှင့် လူများများကို တစ်ပြိုင်တည်း စစ်ဆေးပေးနိုင်မည့် နည်းပညာသစ်များ ထွန်းကားလာရေးအတွက် ထောက်ပံ့ပေးဖို့လိုသည်။ အထူးသဖြင့် ဆင်းရဲသောနိုင်ငံများနှင့် အလယ် အလတ်နိုင်ငံများအတွက် ကုန်ကျစရိတ်နည်းနည်းဖြင့် လူများများကို စစ်ဆေးပေးနိုင်မည့် စမ်းသပ် ကိရိယာဒီဇိုင်းသစ်များ ထုတ်လုပ်ပေးရန် လိုအပ်နေသည်။
နောက်ဆုံးတွင် ကွန်ပျူတာဖြင့် ရောဂါနမူနာပုံစံထုတ်ပေးနိုင်ရေးအတွက် အလားအလာကောင်းများ ဖြစ်ပေါ်လာရန် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လိုအပ်လျက်ရှိပါကြောင်း ယင်းစာအုပ်တွင် တင်ပြထားပါသည်။
ဘာသာပြန်သူကလည်း မြန်မာပြန်ရာတွင် မူရင်းစာအုပ်ကပေးသော အချက်အလက်များကို မြန်မာစာဖတ်ပရိသတ်နားထဲ၊ ရင်ထဲ ရှောရှောရှူရှူရောက်အောင် ပြန်ဆိုထားသည်။ အထူးသဖြင့် သိပ္ပံဝေါဟာရများ၊ ဆေးပညာဝေါဟာရများကို မြန်မာပြန်ဆိုရာတွင် နားလည်သဘောပေါက်အောင် အထူးကြိုးပမ်းအားထုတ်ထားသည်။ ဘာသာပြန်ကို ဖတ်ရသည်နှင့်မတူဘဲ မြန်မာဆေးပညာပေး ဆောင်းပါးကို ဖတ်နေရသကဲ့သို့ အထူးချောမွေ့ပြေပြစ်သော ဘာသာပြန်စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။