ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရရှိသည့် စာရေးဆရာ အမေ့သား (နတ်မောက်)၏ ‘မုသားချိုချိုနှင့် အခြားဝတ္ထုတိုများ’စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ဝတ္ထုတို ၁၂ ပုဒ် ပါဝင်သည်။ ကျေးလက်နေ တောသူတောင်သားများ၏ စရိုက်နှင့် ဘဝသရုပ်ကို အဓိကထား ဖော်ကျူးထားသော ဝတ္ထုတိုများဖြစ်သည်။ ထန်းတက်သမား များ၏ ဘဝ၊ ငရုတ်တောင်သူတို့၏ သရုပ်၊ သားသမီး တိုးတက် ကြီးပွားရေးအတွက် ခက်ခက်ခဲခဲ ရပ်ဝေးပို့ ကျောင်းထားပေးသော တောင်သူ မိဘနှစ်ပါး၏ မေတ္တာစေတနာ၊ သားလိမ္မာအချို့၏ မိဘအပေါ် သိတတ်မှု၊ လေဖြတ် လူနာတစ်ဦး၏ ဝေဒနာနှင့် စိတ်ခံစားချက်၊ အိမ်ထောင်ဦးစီးက လွန်လွန်ကျူးကျူး မူးယစ်သောက်စားသဖြင့် မိသားစု တစ်စုလုံး ဘဝပျက်ရပုံ၊ ရိုးသားကြိုးစား သူတို့၏ အောင်ပွဲ စသည့် အကြောင်းအရာများဖြင့် ဝတ္ထုကို စုစည်းတင်ဆက်ထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါ စာအုပ်ကို ရောင်းဈေး ၂၅ဝဝ ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။