စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ကလေးစာပေ တတိယဆုရရှိသည့် စာရေးသူ ခိုင်ချစ်အောင်၏  ‘ညီနောင်သုံးဖော်နှင့် ကလေးကဗျာများ’ စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ကဗျာပုဒ်ရေ (၇၉) ပုဒ် ပါဝင်သည်။ ကလေးတို့နှင့် ရင်းနှီးကျွမ်းဝင်လှသော ဝလုံးကလေး၊ နေလုံးကလေး၊ ဖိုးလမင်းကလေးတို့သည် ဝိုင်းဝိုင်းစက်စက်နှင့် ပုံသဏ္ဌာန်ချင်း တူညီလှသဖြင့် ညီအစ်ကိုနောင်ရင်းများ ဖြစ်ကြသည်။ ညီအစ်ကိုနောင်ရင်း အချင်းချင်း ရင်းနှီးချစ်ခင် စည်းလုံးကြရမည်ဟူသော နှိုးဆော်တိုက်တွန်းထားသည့် စာအုပ်၏ ခေါင်းစဉ်ကလေးကဗျာလေးက ပင် တစ်မျိုးဆန်းသစ်၍ နေပေသည်။ ကလေးတို့ အမြဲတစေ တွေ့မြင်နေကျဖြစ်သည့် အသီးအနှံ ကလေးများ၊ တိရစ္ဆာန်ကလေးများကို တင်စားချက်အမျိုးမျိုးဖြင့် ဖွဲ့ဆိုထားသော ကဗျာလေးများ၊ စိတ်နေသဘောထား လိမ္မာယဉ်ကျေးလာစေရေးအတွက် ဖွဲ့ဆိုသော ကဗျာများ၊ နိုင်ငံတော်၏ ရေမြေတောတောင် သဘာဝအလှအပကို ဖွဲ့ဆိုထားသော ကဗျာများ အစရှိသည်ဖြင့် အကြောင်း အရာ စုံလင်သော ကလေးကဗျာစာအုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ