၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၂၂)၌ အလုပ်ကို ပင်ပန်းကြီးစွာလုပ်၍ အစားကို ချွေတာစားကာ ကောင်းမှုကုသိုလ်ပြုလုပ်ရန် စု‌ဆောင်းမှုပြုခဲ့သော ဘကြီး‌ရွှေအကြောင်းကို သရုပ်ဖော်ထားသည့် “ဘကြီးရွှေရဲ့ ဆန္ဒ” မျက်နှာဖုံး ကာတွန်း၊ ပစ္စည်းများကို မနိုင်မနင်း သယ်လာသည့် အဘိုးကို ကူညီပေးခဲ့၍ မုန့်များ စားခဲ့ရသော ချက်စူ အကြောင်းကို သရုပ်ဖော်ထားသည့် “ချက်စူရဲ့ ကူညီစိတ်လေး ထားကြမယ်” နှစ်မျက်နှာကာတွန်း၊ ကျောင်းမှန်မှန်တက်ကာ မိမိနားမလည်သည့်အကြောင်းအရာများကို ဆရာ၊ ဆရာမများအား မေးမြန်းပါ က သင်ခန်းစာများကို လေ့လာရာ၌ အခက်အခဲမတွေ့နိုင်ကြောင်းကို သရုပ်ဖော်ထားသည့် “ပုတို၏ နောင်တ” နှစ်မျက်နှာကာတွန်း၊ အခက်အခဲများကြားမှ ကျောင်းထားပေးသော မိဘများအကြောင်းကို သိရှိကာ အသိတရားရရှိပြီး စာကြိုးစားတော့မည့် ဂျာရစ်အကြောင်းကို သရုပ်ဖော်ထားသည့် “ဂျာရစ်” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါး ပုံးထဲမှ ငါးကိုနှိုက်ရာမှ ကဏန်းညှပ်ခံခဲ့ရသော ဖိုးထူးအကြောင်းကို သရုပ်ဖော်ထားသည့် “မှတ်ထား” တစ်မျက်နှာကာတွန်း၊ စကားကို ကတ်တီးကတ်ဖဲ့ပြောတတ်သော မြဂျိုးအကြောင်းကို သရုပ်ဖော်ထားသည့် “မြဂျိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

        သုတဆောင်းပါးကဏ္ဍတွင် ဆေးလိပ်ကြောင့် ဖြစ်စေတတ်သည့် ရောဂါများအကြောင်းကို ရေးဖွဲ့ထားသည့် “ဆေးလိပ်သောက်ခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးများ” သုတဆောင်းပါး ပါဝင်ပြီး မိမိကိုယ် မိမိ စွမ်းဆောင်နိုင်သူဟု ဘဝင်မြင့်မိ၍ အသက်ဘေးနှင့် ကြုံတွေ့ခဲ့ရသည့်  ကြက်ဖအကြောင်းကို ရေးသား ထားသည့် “ဘဝင်မြင့်တဲ့ ကြက်ဖရဲ့ နောင်တ” ပုံပြင်နှင့် ငလျင်ဘေးနှင့် ကြုံတွေ့ခဲ့ရသော်လည်း မိဘများ ၏ သွန်သင်ဆုံးမထားမှုအတိုင်း ငလျင်အန္တရာယ်ကာကွယ်နည်းများကို အသုံးပြုခဲ့သည့် ပြည့်စုံသာ အကြောင်းကို ရေးသားထားသည့် “အထွတ်အထိပ်က မေတ္တာ” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍနှင့် နယုန်လ၌ ကျင်းပလေ့ရှိသော ပွဲသဘင်များနှင့် ရာသီပန်းများအကြောင်းကို သီကုံးရေးဖွဲ့ထား သည့် “လမြတ်နယုန်” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် တိုက်ခန်းငှားရမ်းထားသူက အခြားသူတစ်ဦးနှင့် အတူတွဲနေထိုင်နိုင်ရန် ဆွေးနွေးပြောဆိုပုံကို ပုံစံအမျိုးမျိုးဖြင့် လေ့လာနိုင်မည် ဖြစ်ပါ သည်။

    ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ