“ကိုဇော်ဌေး (ယဉ်ကျေးမှု)” ရေးသားသည့် “ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေဆု၊ သုတေသနစာပေ ဒုတိယဆုရရှိသည့် စာရေးဆရာ ကိုဇော်ဌေး (ယဉ်ကျေးမှု) ၏ 'ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး' စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်၌ လူမျိုးတိုင်းတွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ ရှိကြသည့်အနက် မြန်မာ လူမျိုးများတွင်လည်း ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများရှိရာ ထိုရိုးရာ ယဉ်ကျေးမှုများစွာထဲတွင် အနုသုခုမပညာရပ်များ ပါဝင်ကြသည်။ အနုသုခုမပညာရပ် များစွာထဲတွင် အဆို၊ အက၊ အရေး၊ အတီး ပညာရပ်များလည်း ပါဝင်လျက်ရှိရာ သူ့မူ၊ သူ့ဟန်၊ သူ့သမ္ဘာဖြင့် သမိုင်း အစဉ်အဆက် ရပ်တည်နေခဲ့ကြသည်။
ထိုသို့ ရပ်တည်နေခဲ့ကြသော ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပညာရပ်များ သည် ပြည်ပသရုပ်ပျက်များ ထိုးဖောက်ဝင်ရောက်လာကြသောအခါ အရိုးကို အရွက်ဖုံးသည့် ပမာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားမည်ကို တာဝန်ရှိ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူများက စိုးရိမ်လာခဲ့ကြသည်။
အဆိုပါ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများသည် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ ဇာတိသွေး ဇာတိမာန်ထက်သန်စေရန် လှုံ့ဆော်ပေးနိုင်စွမ်းရှိကြောင်း၊ ပြိုင်ပွဲများတွင် အကဲဖြတ် အဖွဲ့ဝင်ဖြစ်ခဲ့သော စာရေးသူက ကိုယ်တွေ့ဖြစ်ရပ်များနှင့် ပေါင်းစပ်ပြီး အခန်းကိုးခန်း ခွဲကာ သုတေသနပြုစုထားရာ မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းပေးထားသည့်နှယ် အကျိုးပြုနိုင် သည် ဆုရစာအုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။