ရဲမင်းစိုး ရေးသားသည့်  ‘အဖေ့အရိပ်များ’ စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ဒုတိယဆုရရှိသည့် စာရေးသူ ရဲမင်းစိုး၏  ‘အဖေ့အရိပ်များ’ စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ကျေးလက်နေ လယ်သမား၊ ယာသမား၊ တောသူတောင်သားများ၏ လူနေမှုဘဝများကို သရုပ်ဖော်ရင်း ဝေမိုးဟူသည့် လူငယ်လေးတစ်ဦး၏ ကြမ်းတမ်းသော ဘဝ ဖြတ်သန်းမှုကို ပုံဖော်ရေးဖွဲ့ထားသည်။ ဆင်းရဲချို့တဲ့ခြင်းအပါအဝင် အခက်အခဲအမျိုးမျိုးကို ခိုင်ကျည်သော စိတ်ဓာတ်ဖြင့် ရင်ဆိုင်ကျော်ဖြတ်ပြီး ကျောင်းပညာကို အပတ်တကုတ် သင်ယူကာ လူတစ်လုံး သူတစ်လုံးဖြစ်သည်အထိ  ကြိုးပမ်းအားထုတ်သွားပုံမှာ အတုယူစရာ ဖြစ်သည်။

ဤဝတ္ထုတွင် ဝေမိုး မိဘနှစ်ပါး၏ ကြီးမားသော မေတ္တာတရားကိုလည်း မြင်တွေ့ရသည်။ အထူးသဖြင့် ဖခင်ကြီးက အပင်ပန်းအဆင်းရဲခံ၍ မိသားစုကို ရှာဖွေကျွေးမွေးပုံ၊ ပြုစုစောင့်ရှောက်ပုံ၊ အရိပ်အာဝါသပေးပုံအပြင် အရေးအဖွဲ့ကလည်း ဖခင်မေတ္တာကို ထင်ထင်လင်းလင်း ညွှန်ပြထားသော စာအုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၃၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ