ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ နိုင်ငံရေးစာပေ တတိယဆုရရှိသည့် စာရေးသူ ခင်ဧ(စက်မှု)၏ ‘သူ့ကျွန်မခံလိုကြသူများ’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် နယ်ချဲ့လက်အောက် ကျွန်သပေါက်ဘဝမှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော တိုင်းရင်းသား မျိုးချစ်အာဇာနည် ခေါင်းဆောင်များ၏ တိုက်ပွဲဝင်ဆင်နွှဲကြပုံများ၊ ကိုယ်ကျိုးစွန့်အနစ်နာခံကြပုံများကို မျိုးဆက်သစ်လူငယ်များ လွယ်လင့်တကူ ဖတ်ရှု အားကျ အတုယူကြစေရေး၊ ဇာတိသွေး၊ ဇာတိမာန်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ရေးသားထားသောစာအုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။