၂၂ -၂ -၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၈)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၈)၌ သူငယ်ချင်း အချင်းချင်း ကိုယ်ချင်းစာစိတ်ဖြင့် ပေါင်းသင်းဆက်ဆံတတ်ရမည်ဖြစ်ကြောင်း သရုပ်ဖော်ထားသည့် “စာနာစိတ်” မျက်နှာဖုံး ကာတွန်း၊ တစ်ဦး ဒုက္ခရောက်လျှင် တစ်ဦးက ကူညီခြင်းသည် ကောင်းသောအပြုအမူ ဖြစ်ကြောင်းကို သရုပ်ဖော်ထားသည့် “ပုပု ပါဝင်သည့် ကူညီရမယ်” နှစ်မျက်နှာကာတွန်း၊ မိမိ ဒုက္ခ‌ရောက်ချိန်တွင် အပ်ဖြင့် ပြန်အထိုးခံရမည်ကို ကြောက်သော ဖိုးပိန်အကြောင်း သရုပ်ဖော်ထားသည့် “ဘာဖြစ်သွားတာလဲ” နှစ်မျက်နှာဟာသကာတွန်း၊  ဟင်းရွက်သည် မောင်ဖြူလှလေးသည် သူ၏ သည်းခံ ခွင့်လွှတ်စိတ်နှင့်အတူ ဟင်းသီးဟင်းရွက်များကို လှည့်လည်ရောင်းချရာက စျေး‌‌ရောင်းကောင်းပုံအကြောင်း သရုပ်ဖော်ထားသည့် “စိတ်ထားလေးတော့ လှစေချင်” နှစ်မျက်နှာကာတွန်း၊  အမေးအမြန်း အလွန်ထူသော မြဂျိုးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအကြောင်း ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “မြဂျိုးနှင့် သူ့အတွေး” တစ်မျက်နှာကာတွန်းနှင့် ချိုချဉ်ကြော် စားရမည်ကို အချဉ်မကြိုက်သောကြောင့် ချိုသောအပိုင်းကိုသာ ပေးပါဆိုသော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက် ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍတွင် အသက်အရွယ်မရွေး ကူးစက်ခံရနိုင်သည့် အနာကြီးရောဂါအကြောင်း ဖတ်ရှုရမည် ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့်  မြနှင်းတို့ သူငယ်ချင်း ငါးယောက်သည် လက်ပံပွင့်ကောက်သွားကြရာက လက်ပံပင်အောက်တွင် ‘လက်ပံပွင့်ကောက် အရောက်လာမယ်’ သီချင်းဖြင့်  တေးသရုပ်ဖော် ကဖြစ်ကြပုံအကြောင်း ရေးဖွဲ့ထားပါသည်။ ပုံပြင်ကဏ္ဍတွင် စက္ကူလေယာဉ်လေးများကို လေထဲပစ်လွှတ်ရသည်ကို နှစ်သက်သော မောင်မောင်အကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေး တို့လက်ရာကဏ္ဍ၊ ရွှေသွေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဆေးရောင်ခြယ်ကဏ္ဍနှင့် အညာဒေသ နွေဦးအချိန်ခါ သဘာဝအလှတရားများအကြောင်း ရေးဖွဲ့ထားသည့် ‌ဆရာကိုကျော်စွာ (ကျိုက်ပိ) ၏ “အညာနွေပန်းချီ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် လူနေတိုက်ခန်းကို ပြောင်းရွေ့လာသူအသစ်က အိမ်နီးချင်းတစ်ယောက်ကို ပင်းမင်းဆိုင်၊ ကုန်စုံဆိုင် စသည့် နေရာများ၏ နာမည်စာရင်းများ ပြောပြရန် မေးမြန်း ပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောထားသည်ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။  
 

အကြံပြုစာ/တိုင်ကြားစာ