ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် ၁၂နှစ်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၅၁)၌ တစ်နေ့တွင် လကမ္ဘာပေါ်သို့ အရောက်သွားနိုင်ရန် စာကြိုးစားတော့မည်ဆိုသော မောင်အာကာအကြောင်း သရုပ်ဖော်ထားသည့် “လပေါ် သွားမည့် မောင်အာကာ” မျက်နှာဖုံးကာတွန်း၊ အားကစားလုပ်ခြင်းသည် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းရန် ရည်ရွယ်၍ ကစားခြင်းဖြစ်ပြီး လောင်းကြေးပါလာပါက အချင်းချင်း စိတ်ဝမ်းကွဲတတ်ကြောင်းကို နားလည် သဘော ပေါက်သွားသော ပုပုတို့ သူငယ်ချင်းတစ်စုအကြောင်း သရုပ်ဖော်ထားသည့် “ပုပုပါဝင်သည့် ကြက်ပဲ ချက်ထားတယ်” နှစ်မျက်နှာကာတွန်း၊ နောင်တွင် အမေဖြစ်သူ၏ ဆုံးမစကားများကို နာခံတော့ မည်ဆိုသော ကြောင်လေးအကြောင်း သရုပ်ဖော်ထားသည့် “ကြောင်လေး ဖိုးရှုပ်” နှစ်မျက်နှာ ဟာသ ကာတွန်း၊ ပန်ပန်သည် ဆရာမ၏ တပည့်များအပေါ် ထားရှိသည့် စေတနာနှင့် အနစ်နာ ခံတတ်မှုကို ကိုယ်တိုင်က လက်ခံရရှိကာ မြတ်နိုးတန်ဖိုးထားတတ်ရန် အသိတရား ရသွားပုံအကြောင်း သရုပ်ဖော် ထားသည့် “ပန်ပန်နှင့် နာ နှစ်နာ” နှစ်မျက်နှာကာတွန်း၊ အန်တီနန်း၏ ဟင်းချက်စွမ်းရည်က ဦးအော၏ ဟင်းချက်စွမ်းရည်ကို မမီကြောင်း သရုပ်ဖော်ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်းနှင့် အရပ် အမြန်ဆုံးရှည်ချင်ရသည့် အကြောင်းရင်းကို ပြောပြလိုက်သော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထား သည့် “ဘယ်ကျော်” မျက်နှာဝက် ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ပင်စည်တစ်ပင်တည်းမှ ပင်စည်ပေါင်းများစွာ ပွားများတတ်သော ညောင်ပင်မျိုးစိတ်အကြောင်း ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍတွင် ကြိုးကြာငှက် မလေးသည် သူ၏ အသက်သခင်ကျေးဇူးရှင်အပေါ် ကျေးဇူးသိတတ်ပုံအကြောင်း တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် ကျောင်းစုံညီပွဲတော်၏ ပျော်ရွှင်ဖွယ်ရာ အမှတ်တရများသည် မမေ့နိုင်သော အမှတ် တရများအဖြစ် မှတ်ဉာဏ်အတွင်း စွဲထင်နေတော့မည့် ကြယ်စင်ချိုအကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ဉာဏ်စမ်းကဏ္ဍ၊ ရွှေသွေးတို့လက်ရာကဏ္ဍနှင့် မြန်မာတို့၏ ဆောင်းဥတုအချိန်အခါ သဘာဝ အလှများအကြောင်း ရေးဖွဲ့ထားသည့် ဆရာ စိုးစံခေတ်ဟန်၏ “ဆောင်းလချိန်ခါ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အသုံးဝင်၊ အသုံးများသော နေ့စဉ်သုံး အင်္ဂလိပ်စကား အသုံးအနှုန်းများအကြောင်း ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။