၂၆ - ၁၀ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၄၃) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၄၃) ၌  သူငယ်ချင်းအပေါ် မဆင်မခြင်၊ အထင်အမြင်သေးစွာ ပြုမူခဲ့မိသည့်အတွက် နောင်တရသွားသည့်အကြောင်း သရုပ်ဖော်ထားသည့် “ညီမလေးအတွက်” မျက်နှာဖုံးကာတွန်း၊ အစား ကို မဆင်မခြင်စားမိ၍ ဗိုက်နာကာ ဆေးခန်းသွားပြရသည့် ဖြိုးရဲအကြောင်း သရုပ်ဖော်ထားသည့် “တွေးတော ဆင်ခြင်မှု” နှစ်မျက်နှာကာတွန်း၊ ဦးကေဇော်က ပညာရပ်တစ်ခုကို ဆရာများထံတွင် စနစ်တကျ လေ့လာသင်ယူသင့်ကြောင်း ချစ်မွှေးအား ပြောပြထားသည်ကို သရုပ်ဖော်ထားသည့် “ပညာဟူက ကြိုးစားရ” တစ်မျက်နှာကာတွန်း၊ စကိတ်စီးရင်း ဒဏ်ရာရသွားသည့် ဖိုးဇော်အကြောင်း သရုပ်ဖော်ထားသည့် “ဘေးရန်ကင်း” နှစ်မျက်နှာကာတွန်း၊ စာဖတ်ဝါသနာပါသော မျိုးမျိုးနှင့် စာမဖတ်ဘဲ ပုံပြင်နားထောင်ရသော ထူးထူးတို့အကြောင်း သရုပ်ဖော်ထားသည့် “ထူးထူးပါဝင်သော ပုံပြင်” နှစ်မျက်နှာကာတွန်းနှင့် ဆရာ သိလိုသည်ကို မေးထားရာ တပည့်က ဟာသဖြင့် ပြန်လည် ဖြေဆိုထားသည့်အကြောင်း သရုပ်ဖော်ထားသည့် “ဖိုးဂျီ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍအနေဖြင့် လေထုအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့်  ကြက်သွန်ဖြူ သည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိမည့်အကြောင်း ရေးသားထားသည့် “ကြက်သွန် ဖြူပျားရည်၏ ကောင်းကျိုးများ” သုတကဏ္ဍ၊ ဒုက္ခရောက်နေသော ခွေးလေးကို စေတနာ၊ မေတ္တာထား ကာ ပြုစုစောင့်‌ရှောက်ပေးသည့်အတွက် အကျိုးခံစားရသည့် အဘိုးအိုနှင့် အဘွားအိုတို့အကြောင်း ရေးသားထားသည့် “စေတနာကံ” ပုံပြင်ကဏ္ဍ၊ အချိန်ကို တန်ဖိုးထား၍ အကျိုးရှိစွာ အသုံးချတတ်သည့် မောင်အောင်အကြောင်း ရေးသားထားသည့် “အချိန်၏ တန်ဖိုး” ဝတ္ထုကဏ္ဍနှင့် ဥစ္စာ၊ ပညာ၊ ဂုဒ်ဒြပ် တို့သည် လူ၏ တန်ဖိုး မဟုတ်ဘဲ ရိုးသား၍ ကိုယ်ကျင့်တရားစောင့်ထိန်းမှသာ တန်ဖိုးရှိသော လူဖြစ် မည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “လူတန့်ဖိုး” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာကဏ္ဍအနေဖြင့် လေ့ကျင့်မှုများနှင့် ဝါကျများ လေ့လာနိုင်မည့်  “အသုံးဝင်သည့် နေ့စဉ်သုံး အထူးစကားအသုံးအနှုန်းများ” အင်္ဂလိပ်စာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍ၊ ကလေးပန်းချီကဏ္ဍ၊ သုတကဏ္ဍ၊ ၀တ္ထုကဏ္ဍနှင့် ပုံပြင်ကဏ္ဍတို့ စုံလင်စွာ တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ