ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၆)၌ ဖွေးဥသည် စံပယ်ပင်လေးကို ပမာပြု၍ ကျောင်းစာများကို ယခင်ကထက် ပို၍ ကြိုးစားသင်ယူ လေ့ကျင့်ရာက စာတော်သူ ဖြစ်လာပုံအကြောင်း သရုပ်ဖော်ထားသည့် “ကျေးဇူးတင်ပါတယ် စံပယ်ပင်လေးရယ်” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးအပေါ် မကောင်းကြံမိရာက မိမိကိုယ်တိုင်လည်း ဒုက္ခရောက်ရသော မြင်းတစ်ကောင် အကြောင်း သရုပ်ဖော်ထားသည့် “အမှားနောင်တ” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါး အကူအညီ လိုနေသည်ကို ကူညီပေးခြင်းအားဖြင့် မိမိတွင်လည်း ကောင်းကျိုးများ ရရှိပုံအကြောင်း တင်ဆက် ထားသည့် “ဖြိုးရဲ- ကောင်းမှုတစ်ခု နေ့စဉ်ပြုပါ” နှစ်မျက်နှာကာတွန်း၊ ကိုကိုနှင့် ညီလေးတို့သည် သူတို့မက်သော အိပ်မက်များအကြောင်း အပြန်အလှန်ပြောဖြစ်ကြပုံကို ဟာသဖြစ်ဖွယ် တင်ဆက် ထားသည့် “ကီးကီ၊ ဂျိုးဂျိုးနဲ့ အိပ်မက်” နှစ်မျက်နှာကာတွန်း၊ ကပ်စေးနှဲသော ဦးအောနှင့် ယတြာချေရန် နည်လမ်းကောင်းကို အကြံပေးလိုက်သော ရန်ပိုင်စိုးတို့အကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်း နှင့် လက်သည်းကို တအားတိုတိုကြီး မညှပ်စေ လိုသည့် ဘယ်ကျော်အကြောင်း တင်ဆက်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်း တို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် နိုင်ဂျီးရီးယားနိုင်ငံရှိ ကြေးထည်များနှင့် ကြေးသွန်းလုပ်မှုအစဉ်အလာများ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ဗိုက်ခဏခဏ ဆာတတ်ပြီး အစားကို မဆင်မခြင်စားတတ်သော ရေမြင်းလေးမင်းသုအကြောင်း ဖတ်ရှုရမည်ဖြစ်ပါ သည်။ ဝတ္ထုကဏ္ဍတွင် ခြကောင်လေးများ၏ နေထိုင်ကျက်စားပုံအကြောင်း တင်ဆက်ထားပါ သည်။ ထို့ပြင် ရွှေသွေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ဉာဏ်စမ်းကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် တိရစ္ဆာန်မျိုးစုံတို့တွင် အစွမ်းကိုယ်စီရှိကြပုံအကြောင်း ရေးဖွဲ့ထားသည့် ဆရာ ကိုကျော်စွာ (ကျိုက်ပိ)၏ “အစွမ်းကိုယ်စီ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍ အနေဖြင့် တိုက်ခန်းတွင် တစ်စုံတစ်ရာ ပျက်စီးမှု ရှိ မရှိကို စစ်ဆေးပြီး လာရောက် ဆောင်ရွက် ပေးမည့်အကြောင်း အပြန်အလှန်ပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောထားသည့် သင်ခန်းစာသစ်ကို ကလေးတို့ လေ့လာမတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။