၁၇ - ၈ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၃) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၃၃) ၌ ခွန်အားထက် ဉာဏ်ပညာက ပို၍ စွမ်းအားကြီးကြောင်း သရုပ်ဖော် ရေးဆွဲထားသည့် “ဉာဏ်ပညာဆိုသည်မှာ” မျက်နှာဖုံးကာတွန်း၊  ဆံပင်ရှည်ထားသော ဦးကေဂျီးနှင့် မုန့်စားရန် အခွင့်အလမ်း မရှိတော့သော  အိမ့်နှစ်တို့အကြောင်း ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “အိမ့်နှစ်” နှစ်မျက်နှာကာတွန်း၊ အောင်မြင်ခြင်းဆိုသည်မှာ စွဲမြဲသော ဇွဲလုံ့လရှိသူတို့အတွက်သာ ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “ရိုးရိုးလေး-ကြိုးစားကြည့်လိုက်ပါ” နှစ်မျက်နှာကာတွန်း၊ ဆန်ပြုတ် သောက်ခြင်းကြောင့် ရရှိလာနိုင်သည့် ကောင်းကျိုးများအကြောင်း တင်ဆက်¬ထားသည့် “ကီးကီနှင့် ဆန်ပြုတ်” နှစ်မျက်နှာ¬¬¬ဟာသကာတွန်း၊ မေ့တတ်လွန်းသော ဆိုက်ကာဆရာအကြောင်း ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “မေ့လွန်းသူ” တစ်မျက်နှာကာတွန်းနှင့် လူသည် မျောက်ဝံမျိုးစိတ်က စတင်ဆင်းသက်လာပုံအကြောင်း ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက် ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။

 သုတကဏ္ဍအနေဖြင့် နံရံကပ်စက္ကူ စတင်ပေါ်ပေါက်လာပုံနှင့် ပြုလုပ်နည်းအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် ကျောင်းသူလေးတစ်ဦးသည် လယ်သမားကြီး များ၏ ကျေးဇူးကို အောက်မေ့လျက် စာ ပိုကြိုးစားရန် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်ပုံအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် မြေရေအိုးလေးနှစ်လုံး၏ သူ့နေရာနှင့် သူ အသုံးတည့်ပုံအကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည် ရွှေသွေးတို့လက်ရာကဏ္ဍ၊  မြန်မာဆိုရိုးစကားများကဏ္ဍနှင့်  ဖီးနစ်ငှက်၏ ထူးခြားသော စွမ်းရည်သတ္တိများအကြောင်း လူသားတို့ အတုယူဖွယ် ရေးဖွဲ့ထားသည့် ဆရာ စိုးစံခေတ်ဟန်၏ “မဟာငှက်ဇာနည်” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အသုံးဝင်၊ အသုံးများသော နေ့စဉ်သုံး စကားအသုံးအနှုန်းနှင့် ပတ်သက်သည့် သင်ခန်းစာသစ်ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ