၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများ ပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ် ထုတ်ဝေလျက်ရှိပါသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်း ရပ်များနှင့် ယခုလအတွက် ဖော်ပြသည့် “စာကြည့်တိုက်များ ရေရှည်တည်တံ့ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး” မျက်နှာဖုံးဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (ဩဂုတ်လ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်တွင် ဒေါက်တာ ခင်မောင်ညို၊ K.M.A၊ မောင်ခင်ညို (မန်းတက္ကသိုလ်) တို့၏ “စာကြည့်တိုက်များ ရေရှည်တည်တံ့ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး” မျက်နှာဖုံးဆောင်းပါးများ၊ ကောင်းသန့်၊ မောင်ဒီပ (ပညာရေး)၊ ညီညီဖေ၊ ညီမော်သိမ်း၊ မြသိန်း၊ နေသူရိန်၊ ကိုကိုအောင် (အလုပ်သမား)၊ စန်းနီလာဝင်း၊ ဇလွန်ကျော်ဦး တို့၏ လူငယ်ရေးရာ ဆောင်းပါးများ၊ အေးထွန်းမင်း၏ နိုင်ငံတကာဆိုင်ရာဆောင်းပါး၊ ထက်ဝေအောင် (စစ်ကိုင်း)၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာဆောင်းပါး၊ လဲ့လဲ့ဝင်း (သတ္တဗေဒ)၊ အန်ကယ်စိုး တို့၏ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာဆောင်းပါးများ၊ ဒေါက်တာ ကောင်းစံ၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆောင်းပါး၊ ကိုဇော်ဌေး (ယဉ်ကျေးမှု) ၏ မူးယစ်ဆေးဝါးဆိုင်ရာဆောင်းပါး၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ စောနိုင် (အသုံးချဘောဂဗေဒ) တို့၏ စီးပွားရေးဆိုင်ရာ ဆောင်းပါးများ၊ ဒေါက်တာ မြင့်သန်း၊ ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)၊ ဒေါက်တာ လွင်သန့်၊ ကြည်လွင်ဦး (ရေနံ) တို့၏ ကျန်းမာရေးဆိုင်ရာဆောင်းပါးများ၊ ဦးဘသန်း (မဟာဝိဇ္ဇာ)၊ စိုးစိုး (ပန်းတောင်း)၊ စိန်ဝင်းနွယ်၊ ဆောင်းဝင်းလတ်၊ နွေကံ့ကော် (မြို့လှ)၊ ဒေါက်တာ စန်းဦး၊ မော်(သန်လျင်) တို့၏ ကဗျာ၊ ဟာသ၊ ဖြစ်ရပ်မှန်၊ ဝတ္ထုတိုနှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ် တင်ဆက်ထားသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ် အရောင်းဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော် စာအုပ်ဆိုင်၊ ဖုန်း ၀၉- ၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ကြောင်း သတင်းရရှိသည်။