“သဉ္ဇာလှိုင် (လားရှိုး)” ရေးသားသည့် “နေထိပန်း နွမ်းသော်လည်း” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“သဉ္ဇာလှိုင် (လားရှိုး)” ရေးသားသည့် “နေထိပန်း နွမ်းသော်လည်း” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ဝတ္ထုရှည် တတိယဆု ရရှိသည့် သဉ္ဇာလှိုင်(လားရှိုး) ၏  ‘နေထိပန်း နွမ်းသော်လည်း’  စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ခန္ဓာကိုယ်ကိုရင်းကာ လုပ်ကိုင်စားသောက်နေရသော မိန်းကလေးများ၏ ဘဝများနှင့် ထိုမိန်းကလေးများ၏ဘဝကို  ကူညီကယ်တင်ချင်သည့် သမီးနှစ်ယောက်၏မိခင် တစ်ခုလပ်အမျိုးသမီး၏ ခက်ခဲကြမ်းတမ်းသော လောကဓံကို ရင်ဆိုင်ခဲ့ပုံများကို စာဖတ်သူများ စာနာစိတ်များဝင်လာစေရန် ရေးဖွဲ့ထားသော  စာအုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၃၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ