ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၂၂) ၌ သူငယ်ချင်းများက သူ့အပေါ်တွင် မည်သို့ပင် ပြောဆိုဆက်ဆံသော်လည်း သည်းခံကာ ကူညီပေးတတ်သော ပုပုအကြောင်း တင်ဆက်ထားသည့် “သူငယ်ချင်း” မျက်နှာဖုံးကာတွန်း၊ သူငယ်ချင်းတူးမာနှင့်အတူ ပန်းချီသင်တန်းတက်ချင်သည့် ဖိုးလပြည့်အကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းများကို အစအနောက်သန်သည့် ‘လင်းသစ်’ အကြောင်း တင်ဆက်ထားသည့် “လင်းသစ်” တစ်မျက်နှာကာတွန်း၊ ဖေဖေသည် မေမေကလွဲ၍ မည်သည့်အရာမျိုး ကိုမဆို မကြောက်တတ်ဘူးဆိုသည်ကို ကြွားချင်သည့် ဖြိုးရဲအကြောင်း တင်ဆက်ထားသည့် “ကြွားလိုက်မယ်” နှစ်မျက်နှာကာတွန်း၊ ဒုက္ခရောက်နေသူကို ကူညီပေးရမည်မှာ လူငယ်တို့၏ တာဝန်သာ ဖြစ်သင့်ကြောင်း ခံယူထားသော ‘ဖိုးသောကြာ’ အကြောင်း တင်ဆက်ထားသည့် “ကူညီတတ်သော စိတ်” နှစ်မျက်နှာကာတွန်းနှင့် နွေရာသီကျောင်းပိတ်ရက်တွင် ယဉ်ကျေးမှုသင်တန်းတက်၍ မိဘကို ဝိုင်းဝန်း ကူညီ လုပ်ကိုင်ပေးသည့် ဖိုးတစ်တိုအကြောင်း တင်ဆက်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်း တို့ကို တင်ဆက်ထားပါသည်။
ရေကို တန်ဖိုးထား၍ စနစ်တကျ သုံးစွဲကြရန်နှင့် ရေထုညစ်ညမ်းမှုမဖြစ်အောင် ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်းသင့်ကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ရေချိုသံယဇာတကို ထိန်းသိမ်း ကြပါစို့” သုတဆောင်းပါးကဏ္ဍ၊ မိဘဆိုသည်မှာ သားသမီးများကို သူတို့အသက်ထက်ပင် ချစ်မြတ်နိုး ကြောင်းကို နားလည်သဘောပေါက်သွားသည့် ထွန်းတောက်အကြောင်း ရေးသားထားသည့် “မေမေ့ကို မမုန်းတော့ပါ” ဝတ္ထုကဏ္ဍ၊ ကြွက်တွေ၏ အကင်းပါးမှုကြောင့် ကြောင်နက်ကြီး၏ ရန်မှလွတ်မြောက် သွားသည့် အကြောင်း ရေးသားထားသည့် “ဉာဏ်များတဲ့ ကြောင်နဲ့ အကင်းပါးတဲ့ ကြွက်” ပုံပြင်ကဏ္ဍနှင့် ပညာသင်ကြားပေးသည့်အပြင် စာရိတ္တကောင်းမွန်စေရေး လမ်းညွှန်ပြသပေးသည့် စာသင်ကျောင်းများ တွင် ကျောင်းသူကျောင်းသားများ ပျော်ရွှင်ကြပုံကို ဥယျာဉ်တွင်းတွင် ပန်းမျိုးစုံ လှပစွာ ပွင့်လန်းကြပုံနှင့် ဥပမာပြု ဖွဲ့နွဲ့ထားသည့် “တို့ကျောင်း” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာအနေနှင့် တိုက်ခန်းတစ်ခန်းတွင် ဆူညံမှုနှင့် ပတ်သက်ပြီး အိမ်နီးချင်း တိုက်ခန်း အချင်းချင်း ပြောဆိုသည့်အကြောင်းကို ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း” ကဏ္ဍ၊ ဉာဏ်စမ်း ကဏ္ဍနှင့် ကဏ္ဍာစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။