၁၈ - ၅ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၀) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၂၀)၌ ကဆုန်လပြည့်နေ့တွင် ဘုရားစုံဖူးကာ ကဆုန်ညောင်ရေ သွန်းလောင်းခဲ့ကြသော တိုးတက်အောင်တို့ မိသားစုနှင့် သူ၏ သူငယ်ချင်းများအကြောင်းကို ရေးဖွဲ့ထားသည့် “ကဆုန်ညောင်ရေ သွန်းကြမည်” မျက်နှာဖုံးကာတွန်း၊ ကန်စွန်းဥကျေးရွာတွင် နေထိုင်သော လူတို့၏ စရိုက်သဘာဝကို ရေးဖွဲ့ ထားသော “ကန်စွန်းဥကျေးရွာက လူတွေအကြောင်း” နှစ်မျက်နှာကာတွန်း၊  သတ္တဝါများအနေဖြင့် မတူညီ သော ကိုယ်လက်အင်္ဂါများ ရှိကြသော်လည်း သူ့နေရာနှင့်သူ အကျိုးရှိရှိ အသုံးပြုပါက မိမိနေထိုင်ရာ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်နိုင်ပုံကို ရေးဖွဲ့ထားသည့်  “သဘာဝ” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို မကောင်းကြံပါက ယင်းမကောင်းမှုဒဏ်ကို မိမိသာ ပြန်ခံရတတ်ကြောင်း ရေးဖွဲ့ထားသည့် “ဖြိုးရဲ- သူများ မကောင်းကြံ ကိုယ်သာခံ” နှစ်မျက်နှာကာတွန်း၊ ကြက်ဥနှင့် ဘဲဥတို့ကို ကြော်တတ်၊ ပြုတ်တတ်သော ရန်ပိုင်စိုးအကြောင်းကို ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်း၊  မိမိအိမ်တွင် ရှိသော စားသောက်ဖွယ်ရာများကို အိမ်နီးချင်းအိမ်သို့ ဝေငှပေးလိုစိတ်ရှိသော ဖိုးတစ်တိုအကြောင်းကို ရေးဖွဲ့ ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ကလေးများ ဗဟုသုတတိုးပွားစေရန်အလို့ငှာ ညအခါ ကောင်းကင်ပြင်တွင် မြင်တွေ့ရသော ကြယ်ကြွေမှုများထဲမှ ထူးခြားဆန်းကြယ်သော ကြယ်တံခွန်များအကြောင်းကို ရေးဖွဲ့ထားသည့် “ကြယ်တံခွန်များ” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ အပေါင်းအသင်း မှားယွင်းပါက လွန်စွာ ဒုက္ခရောက်နိုင်ကြောင်း သင်ခန်းစာရဖွယ် ရေးဖွဲ့ထားသည့် “အပေါင်းအသင်း ရွေးချယ်ပါ” ဝတ္ထုနှင့် ဇွဲ၊ လုံ့လ၊ ဝီရိယရှိပါက မည်သည့် အသက်အန္တရာယ်နှင့် ကြုံတွေ့ပါစေ အသက်ဘေးမှ လွတ်မြောက်နိုင် ကြောင်း ရေးဖွဲ့ထားသည့် “မောင်ဇွဲရဲ့ လုံ့လအကျိုး” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ”၊ ကလေး များအနေဖြင့် ပေးထားသော ရုပ်ပုံလေးများကို ပြန်လည်ရေးဆွဲပြီး မိမိတို့စိတ်ကြိုက် အရောင်များနှင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ကဏ္ဍနှင့် ကဆုန်ညောင်ရေသွန်းလောင်းခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိလာမည့် အကျိုးများကို ရေးဖွဲ့ထားသည့် “သွန်း ညောင်ရေ” ကဗျာတို့ကို တင်ဆက် ထားပါသည်။ အင်္ဂလိပ်စာသင်ခန်းစာအနေဖြင့် တိုက်ခန်းငှားရမ်းနေထိုင်သူနှင့် တိုက်ခန်းပိုင်ရှင်တို့ အကြား တိုက်ခန်း ရေယိုနေသည့် ပြဿနာနှင့် ပတ်သက်၍ ညှိနှိုင်းပြောဆိုပုံအမျိုးမျိုးကို တင်ဆက်ထား သည့် “ရွှေသွေး စကားဝိုင်း” ကို လေ့လာနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ