ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၁ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၃၄) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာ စာ၊ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ တရားလွှတ်တော်ရှေ့နေများကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အမိန့်ကြော်ငြာစာ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် စစ်ရာထူးခန့်ချုပ်ရုံး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ အကောက်ခွန်ဦးစီးဌာန၊
အပိုင်း (၄) တွင် SUN DRAGON COMPANY LIMITED (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ SHINSEI NAN TAW COMPANY LIMITED Notice Under Section 206 (1) of the Myanmar Companies Act (In Voluntary Liquidation)၊ In the matter of the Myanmar Companies Law and Map Pacific Company Limited [Under Sections 345 & 348]၊ Map Pacific Company Limited (Under Members' Voluntary Winding-up) NOTICE TO CREDITORS TO CLAIM DEBTS၊ H.F.ONE PROPERTY MANAGEMENT COMPANY LIMITED၊ NANN YAR INDUSTRY COMPANY LIMITED၊ H F ONE MANAGEMENT COMPANY LIMITED၊ GREEN SHINE FAMILY COMPANY LIMITED နှင့် ZAW TRADING COMPANY LIMITED ဖျက်သိမ်းခြင်နှင့်စပ်လျဉ်း၍ နောက်ဆုံး အစည်းအဝေးခေါ်ယူခြင်း၊ မြန်မာ ဟိုဆန်း ကုမ္ပဏီလီမိတက် (MYANMAR HYOSUNG COMPANY LIMITED) မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ မြန်မာ ဇူလီယန် ဒါရိုက် မားကတ်တင်း ကုမ္ပဏီလီမိတက် (Myanmar Zhulian Direct Marketing Company Limited) အပြီးသတ်စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ In The Matter Of Myanmar Companies Law MYANMAR POSCO STEEL COMPANY LIMITED FINAL MEETING NOTICE FOR VOLUNTARY WINDING-UP တို့ ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။