၂၄ - ၂ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၈) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၈)၌ အလွန်အပျင်းထူလှသော မောင်နီဘဝမှသည် မိမိတို့ ပုရွက်ဆိတ်မျိုးနွယ်များအပေါ် ကျရောက်မည့် အန္တရာယ်မှ ကင်းဝေးအောင် ဆောင်ရွက်ပေးနိုင်ခဲ့သူ သူရဲကောင်းမောင်နီ ဖြစ်လာပုံကို တင်ဆက်ထားသည့် “သူရဲကောင်းမောင်နီ” မျက်နှာဖုံးဇာတ်လမ်း၊ မိမိ၏ အစားအသောက်များကို သူတစ်ပါးထံ ‌ဝေငှပေးပါက မိမိတွင်လည်း စားစရာများ ပိုမိုရရှိနိုင်ပုံကို ကြယ်စင်နှင့် ပုံပမာပြကာ တင်ဆက်ထားသည့် “ကကြီး ခခွေး” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို စပ်စုပါက ဒုက္ခရောက်နိုင်ပုံကို တင်ဆက်ထားသည့် “ကြိုးကြာနဲ့ ဖားစပ်စု” နှစ်မျက်နှာကာတွန်း၊ ကလေးများအနေဖြင့် မိမိတို့ အသက်အရွယ်နှင့် ကိုက်ညီသည့် ဗဟုသုတရဖွယ် စာပေများကို ဖတ်သင့်ကြောင်း တင်ဆက်ထားသည့် “လာပါ သူငယ်ချင်းရေ” နှစ်မျက်နှာကာတွန်း၊ လူငယ်များသည် မိမိတို့ပတ်ဝန်းကျင်ရှိ လူကြီးများ၏ ပြုမူပုံ များကို အတုယူဆောင်ရွက်တတ်၍ ကလေးများလမ်းမှားသို့ ရောက်စေနိုင်သည့် အလုပ်များကို မခိုင်းသင့် ကြောင်း တင်ဆက်ထားသည့် “ကိုအောနဲ့ ဘိုစော” တစ်မျက်နှာကာတွန်း၊ သူငယ်ချင်း အချင်းချင်း ကြွားဝါမနေဘဲ အရှိကို အရှိတိုင်း ပြောဆိုဆက်ဆံသင့်ကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍအနေဖြင့် ကလေးများ စီးပွားရေးပညာရပ်နှင့် သက်ဆိုင်သည့် ဗဟုသုတ တိုးပွား စေရန်အလို့ငှာ ဈေးကွက်နှင့် စျေးနှုန်းတို့အကြောင်းကို တင်ဆက်ထားသည့် “ဈေးကွက်နှင့် ဈေးနှုန်း (Market and Price)” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ အတန်းဖော်သူငယ်ချင်း အချင်းချင်း နိမ့်ပါးသူကို နောက်ပြောင်ခြင်းမရှိဘဲ ကူညီဖေးမပေးရမည်ဖြစ်ကြောင်း တင်ဆက်ထားသည့် “သူငယ်ချင်း ရဲ့ အပြုံးပီတိ” ဝတ္ထုနှင့် မည်သည့်အလုပ်ကိုမဆို အမြော်အမြင်ကြီးစွာ လုပ်ဆောင်တတ်စေရန်နှင့် ပစ္စည်း ဥစ္စာထက် အသိပညာရှိရန် ပိုမိုလိုအပ်ကြောင်း သိရှိနိုင်စေရန် တင်ဆက်ထားသည့် “ဖူးစာ” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့အနေနဲ့ ကြောင်လေးများကို အိမ်လေးရှိရာ သို့ သွားရာလမ်းကို ညွှန်ပြနိုင်မည့် “ဉာဏ်စမ်း”ကဏ္ဍ၊ ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထား သည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ တပို့တွဲလတွင် ပျော်ပျော်ပါးပါး ရထားပွဲတော်ဆင်နွှဲကြပုံကို တင်ဆက်ထားသည့် “ရထားပွဲတော်” ကဗျာနှင့် ပြက္ခဒိန်လတွင် ဒုတိယလဖြစ်သော ဖေဖော်ဝါရီလ အကြောင်းကို ရေးဖွဲ့ထားသည့် “ဖေဖော်ဝါရီလ” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍ အနေဖြင့် အိမ်ပြောင်းရွှေ့မည်ဖြစ်၍ သူငယ်ချင်းဖြစ်သူကို အကူအညီ တောင်းခံပုံနှင့် တောင်းခံမှုအတွက် အနှောင့်အယှက် ဖြစ်မဖြစ်ကို မေးမြန်းပြောဆိုပုံအမျိုးမျိုးဖြင့် တင်ဆက်ထားသည့် “ရွှေသွေးစကားဝိုင်း” ကဏ္ဍကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ