၁၇ - ၂ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၇) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၇) ၌ မြစ်တစ်ဘက်ကမ်းသို့ကူးရာတွင် တွေ့ကြုံသည့် အခက်အခဲကို  စဉ်းစား ဆင်ခြင်ဉာဏ်ဖြင့် ဖြေရှင်း အောင်မြင်သွားသည့် လူတစ်ဦးအကြောင်း တင်ဆက်ထားသည့် “ပဟေဠိ” မျက်နှာဖုံး ကာတွန်းဇာတ်လမ်း၊ ဉာဏ်ရှိသော မြွေပါသည် မြေခွေး၏ ထောင်ချောက်မှ လွတ်မြောက်ကာ သူ့အစာများ ရရှိသွားသည့်အကြောင်း တင်ဆက်ထားသည့် “ဉာဏ်ရှိတဲ့ မြွေပါ” နှစ်မျက်နှာကာတွန်း၊ ကစားမက်သော ရဲရင့်ဖြိုးကို သူ့ကြီးကြီးက ဆုံးမသည့်အခါ ကလေးအတွေးဖြင့် ပြန်လည် မေးမြန်းပုံကို တင်ဆက်ထားသည့် “အမွှေလေး ရဲရင့်ဖြိုး” တစ်မျက်နှာကာတွန်း၊ ဗိုက်ဆာနေသော ဖြိုးရဲသည် ဒေါ်ဒေါ်အေး၏ ပစ္စည်းများကို ဝိုင်းသယ်ပေးသောကြောင့် မုန့်များ စားလိုက်ရသည့်အကြောင်း တင်ဆက်ထားသည့် “သူများအကျိုးဆောင်၊ ကိုယ့်အကျိုးအောင်” နှစ်မျက်နှာကာတွန်း၊ မိမိ၏ ဘဝရည်မှန်းချက်ပြည့်ဝအောင် မဆုတ်မနစ်ကြိုးစားရမည် ဖြစ်ကြောင်း ဆုရတီအောင်ကို မိဘများက ဆုံးမထားသည့်အကြောင်း တင်ဆက်ထားသည့် “ရည်မှန်းချက်” နှစ်မျက်နှာကာတွန်းနှင့် ဖုန်းကြည့်ခြင်း၊ စာကျက်ခြင်း၊ အစားစားခြင်းနှင့် အိပ်စက်ခြင်းတို့ကို မျှတအောင် လုပ်သင့်ပုံကို သူငယ်ချင်းနှစ်ယောက် အပြန်အလှန် ဟာသဖြစ်ဖွယ် ပြောဆိုပုံဖြင့် တင်ဆက်ထားသည့် “လင်းသစ်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

မြေဆီလွှာ၏ အ‌ရေးကြီးပုံနှင့် မြေဆီလွှာအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ပတ်ဝန်းကျင် ထိန်းသိမ်းရေးနီတိများ” သုတကဏ္ဍ၊ စွန်လွှတ်တမ်း ကစားရာတွင် အန္တရာယ်ကို သတိ မမူမိသည့်အတွက် ခြေထောက် ထိခိုက်မိသွားသော အောင်အောင့်အကြောင်း ရေးသားထားသည့် “မထင်မှတ်သော အန္တရာယ်” ဝတ္ထုကဏ္ဍ၊ ပညာရှိအဘိုးအိုသည် သူ့သားလေးယောက်အတွက် ဉာဏ်ပညာအမွေနှင့် အတူ  မြေကွက်များအသီးသီး အမွေပေးခဲ့ပုံအကြောင်း ရေးသားထားသည့် “အမွေရတဲ့ ရတနာသေတ္တာ” ပုံပြင်ကဏ္ဍနှင့် ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်ပွားနိုင်သည့် ရောဂါများနှင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း ‌ရေးဖွဲ့ ထားသည့် “ဆေးလိပ်ဆိုးကျိုး” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

နေ့စဉ်သုံး စကားအသုံးအနှုန်းများအကြောင်းကို လေ့လာနိုင်ပြီး လေ့ကျင့်မှုများပြုလုပ်နိုင်မည့် “အသုံး ဝင်သည့် နေ့စဉ်သုံး အထူးစကားအသုံးအနှုန်းများ” အင်္ဂလိပ်စာကဏ္ဍနှင့် ဉာဏ်စမ်းကဏ္ဍအပါအဝင်  ကဏ္ဍ စုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ