ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များ မှတစ်ဆင့် စတင်ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော် ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄)တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင် အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာတို့ ပါဝင်ပါသည်။
အပိုင်း (၂) - အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ လူငယ်ရေးရာဦးစီးဌာန အမိန့် ကြော်ငြာစာတို့ ပါဝင်ပါသည်။
အပိုင်း (၄) တွင် Spring Line Commercial Management Ltd (အစုရှင်များ၏ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းဆဲ) လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ၂၁၁ အရ အပြီးသတ်အထွေထွေ အစည်းအဝေး တက်ရောက်ရန်ဖိတ်ကြားခြင်း၊ အက်(စ်)စီအမ်စပရစ် (မြန်မာ) ကုမ္ပဏီလီမိတက် [SCMSPIRIT (MYANMAR) COMPANY LIMITED] (Reg.104651291) အစုရှင်များ၏ ဆန္ဒ အလျောက် ဖျက်သိမ်းဆဲကုမ္ပဏီ Final Meeting နောက်ဆုံးအစည်းအဝေး ဖိတ်ကြားခြင်း၊ Spring Line Property Management Ltd (အစုရှင်များ၏ဆန္ဒအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းဆဲ) လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ ၂၁၁ အရ အပြီးသတ်အထွေထွေအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း၊ Notice for Final Closure of MYANMAR POSCO E&C (ENGINEERING & CONSTRUCTION) COMPANY LIMITED (Voluntary Winding-up) တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းဈေးမှာ တစ်စောင်လျှင် ၇၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ဖုန်း-၀၁၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈၊ အမှတ်- ၅၅ (တ)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း-၀၆၇-၃၄၁၄၆၈၁ တို့တွင် ဖြန့်ချိရောင်းချလျက်ရှိပါသည်။ တစ်နှစ်စာကြိုတင်ငွေပေးသွင်း၍ ဝယ်ယူ လိုပါက ရန်ကုန်မြို့ အမှတ်-၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ ဖုန်း-၀၁-၂၅၁၈၉၂၊ ၀၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။