ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ်(၃၃)၌ မိဘများ၏ အိမ်အလုပ်များကို မိမိတတ်နိုင်သည့်ဘက်မှ ကူညီလုပ်ကိုင်ပေးသင့် ကြောင်းကို ပုရွက်ဆိတ်လေးများ၏ လုံ့လဝီရိယထားပြီး လုပ်ဆောင်ပုံနှင့် ပုံပမာပြကာ ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့် အိမ်အလုပ်” မျက်နှာဖုံးဇာတ်လမ်း၊ သူတစ်ပါးထံမှ ပစ္စည်းဥစ္စာများကို မတရားရယူချင်ပါ က ဒုက္ခရောက်နိုင်ပုံကို ရေးဖွဲ့ထားသည့် “မောင်ဉာဏနှင့် ကြက်ကင်ဖိုး” နှစ်မျက်နှာကာတွန်း၊ မိတ်ဆွေ အချင်းချင်းအကြား သွေးခွဲစကားပြောဆိုခြင်းကြောင့့်် မိမိကို အစားအသောက်များ ပေးကမ်းနေသော သူငယ်ချင်းများ၏ စွန့်လွှတ်ခြင်းကို ခံရသော လင်းနို့အကြောင်းကို ရေးဖွဲ့ထားသည့် “ရှက်စိတ်” နှစ်မျက်နှာကာတွန်း၊ အသက်ငယ်ရွယ်သော်လည်း ပရဟိတစိတ်အပြည့်အဝရှိသော ရိုးရိုးလေးတို့ သူငယ်ချင်းတစ်စုအကြောင်းကို ရေးဖွဲ့ထားသည့် “လုပ်အားဒါန” နှစ်မျက်နှာကာတွန်း၊ အဘွား၏ အလိုလိုက်ခြင်းကို ခံရသော ဟန်သီမအကြောင်းကို ရေးဖွဲ့ထားသည့် “ဟန်သီမ” တစ်မျက်နှာကာတွန်းနှင့် ဝယ်ယူခဲ့သည့် ဆီးသီးများအားလုံးကို တစ်ကိုက်စီ ကိုက်မြည်းခဲ့သည့် ဘုန်းဆင့်သူအကြောင်းကို ရေးဖွဲ့ထားသည့် “အဝယ်တော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
ခတ်အဆက်ဆက် ပြောင်းလဲတိုးတက်လာသော စာရေးသားခြင်းအကြောင်းကို ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “ခေတ်အဆက်ဆက် ထွန်းကားခဲ့သည့် စာရေးခြင်း အမျိုးမျိုး” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ ခြေထောက်မသန်သော်လည်း အခြားကိုယ်လက်အင်္ဂါများကောင်းမွန်ပါက မိမိဘဝ၏ တိုးတက်မှုကို ဆောင်ရွက်နိုင်ကြောင်း ရေးဖွဲ့ထားသည့် “မငိုပါနဲ့ မောင်လေးရယ်” ဝတ္ထုနှင့် သူတစ်ပါးအပေါ် မကောင်းကြံစည်မိပါက မိမိတွင်လည်း ဒုက္ခနှင့် ကြုံတွေ့ရနိုင်ပုံကို ရေးဖွဲ့ထားသည့် “ငှက်ကျားလေးရဲ့ စကား” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ပေးထားသောရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက်အရောင်များဖြင့် ခြယ်သနိုင်မည့် “ဉာဏ်စမ်း” နှင့် စိတ်ကောင်းထားခြင်းဖြင့် ရရှိလာ မည့် အကျိုးကျေးဇူးများကို ရေးဖွဲ့ထားသည့် “စိတ်ထားကောင်းတွေဆောင်ရအောင်” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ သင်ခန်းစာအနေဖြင့် Spoken Grammar များနှင့် Question Tags များ ပြုလုပ်ပုံကို Grammar summary အဖြစ် တင်ဆက်ထားသည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” ကို လေ့ကျင့်ခန်းများနှင့်တကွ လေ့လာနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။