ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ စာပဒေသာ ပထမဆုရရှိသည့် စာရေးသူ မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်)၏ ‘ရှေးမြို့ဟောင်း များ သမိုင်းခြေရာခံ ခရီးသွားလေ့လာရေးဆောင်းပါးများ’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် စာရေးသူက သဲကုန်းမြို့ဟောင်း၊ သရေခေတ္တရာမြို့ဟောင်း၊ မြို့တစ်ပေါက် မြို့ဟောင်း၊ တဘူးမြို့ဟောင်း၊ သာယာဝတီမြို့ဟောင်း၊ လှိုင်မြို့ဟောင်း၊ ဘုရားကြီးမြို့ဟောင်းနှင့် ပြည်မြို့ဟောင်းများကို သမိုင်းခြေရာခံခရီးသွားလေ့လာ ရေးသားထားသည်။ တူးဖော်တွေ့ရှိပစ္စည်း များ၏ ဓာတ်ပုံများ၊ ကောင်းကင်မြေပုံ၊ ဆွဲမြေပုံများကို ဓာတ်ပုံများဖြင့် ဝေဝေဆာဆာ ရေးသား ထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။