ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ၂၀၂၁ ခုနှစ် အတွက် စာပေဗိမာန်စာမူဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ဒုတိယဆုရရှိသည့် စာရေးဆရာ မင်းလွင်ဦး (အောင်ပန်း) ၏ ‘တောင်ရိုး’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ရှမ်းပြည်နယ်၌ နေထိုင်လျက်ရှိသော တောင်ရိုးတိုင်းရင်းသားများ၏ ဇာစ်မြစ်သမိုင်း၊ ပျံ့နှံ့နေထိုင်ရာဒေသ၊ ဆင်ယင်ထုံးဖွဲ့မှု၊ စာပေနှင့်စကား၊ ရာသီပွဲများ၊ တေးဂီတ၊ အနုပညာ၊ ကိုးကွယ်ယုံကြည်မှု၊ ရိုးရာအယူအဆ၊ ရှောင်ဓလေ့နှင့် ဆောင်ဓလေ့၊ စကားပုံ၊ စကားထာ၊ ပုံပြင်၊ ရတု၊ အော် (ဧချင်း)၊ အနုရိုး (အနုကဗျာ၊ မေတ္တာဘွဲ့) နှင့် ကျေးလက်တေးသံသာများ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တောင်ရိုးအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ၊ တောင်ရိုးတိုင်းရင်းသား သာသနာ့အာဇာနည်များ၊ ဒေသအသီးအသီးရှိ တောင်ရိုးလူဦးရေစာရင်း၊ ထင်ပေါ်ကျော်ကြားသော တောင်ရိုးနယ်များနှင့် အခြားကဏ္ဍများ စုံလင်လှသည်။ မြေပြင်ကွင်းဆင်းပြီး တွေ့ဆုံမေးမြန်းချက် များ၊ မှီငြမ်းကိုးကားစာအုပ်များ၊ သက်ဆိုင်ရာများ၏ ထောက်ခံချက်များ ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ရေးသားပြုစုထားသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အထောက်အကူ ပြုနိုင်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။