၂၀ - ၅ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂၀) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မေလ ၂၀ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်အတွဲ(၅၅)၊ အမှတ်(၂၀)၌ တောသတ္တဝါငယ်တွေအပေါ် အနိုင်ကျင့် ဗိုလ်ကျသောခြင်္သေ့ကို ပညာပေးဆုံးမလိုက်သော လင်းတနှင့် ပုစဉ်းတို့အကြောင်း တင်ဆက်ထားသည့် “ကျီကောင်” မျက်နှာဖုံးကာတွန်း၊ တိရစ္ဆာန်လေးခွေးနှင့် ကျီးကန်းတို့သည် စာနာတတ်သော လူများ၏ အနီးအနားတွင်သာ နေထိုင်လေ့ရှိသည့်အကြောင်း တင်ဆက်ထားသည့် “စာနာတတ်သူ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းနှစ်ယောက် အချင်းချင်း နောက်ပြောင်ကျီစယ်သည့်အကြောင်း တင်ဆက်ထားသည့် “ပေါတောလေး” တစ်မျက်နှာကာတွန်း၊ ကိုရိုးနှင့် ဖိုးဇော်တို့သူငယ်ချင်းနှစ်ယောက်သည် ရာသီဥတု ပူအိုက်လွန်းသည့်အကြောင်းနှင့် ပတ်သက်၍ သူတို့၏ အတွေးများကို တင်ဆက်ထားသည့် “ပေါက်ပေါက်ရှာရှာ” နှစ်မျက်နှာကာတွန်း၊ စာဖတ်ခြင်းဖြင့် လူတစ်ဦး၏စိတ်နေစိတ်ထားများအကြောင်း သိရှိရမည့်အကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်” နှစ်မျက်နှာကာတွန်း၊ သူတို့မှာ ဘာမှမရှိဘဲ အကြွေးများသာ ဝိုင်းနေသည်ဟု ဖခင်ကို နောက်ပြောင်ပြောဆိုထားသည့်အကြောင်း တင်ဆက်ထားသည့် “ပူတင်း” မျက်နှာဝက် ကာတွန်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

လူ့ခန္ဓာကိုယ်တွင် မျက်စိသည် အရေးကြီးဆုံးနှင့် မျက်စိ၏အရေးပါပုံအကြောင်းကို ဗဟုသုတဖြစ်ဖွယ်ရေးသားထားသည့် “စိတ်ဝင်စားစရာ မျက်စိအကြောင်း သိကောင်းစရာ” သုတဆောင်းပါးကဏ္ဍ၊ မိခင်၏အခက်အခဲကို နားမလည်ဘဲ သူလိုချင်သောအရာကိုသာ တောင်းဆိုမိသည့်အတွက် နောင်တရပြီး စိတ်မကောင်းဖြစ်သွားသည့် ထွန်းတောက်အကြောင်း ရေးသားထားသည့် “ဖိနပ်တစ်ရန်” ဝတ္ထုကဏ္ဍ၊ လောဘကြီးလွန်းသည့်အတွက် ရရှိပြီးသားအရာများကိုပင် ဆုံးရှုံးခဲ့ရသည့် တံငါသည်အဘိုးအို လင်မယားအကြောင်း ရေးသားထားသည့် “အလိုကြီး၍ အရနည်းသူ” ပုံပြင်ကဏ္ဍနှင့် ကိုဗစ်ရောဂါကို ကာကွယ်သတိပြု၍ ကျန်းမာရေးစည်းကမ်းများကို လိုက်နာကျင့်ကြံသင့်ပုံကို ရေးဖွဲ့ထားသည့် “COVID သတိ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားသည်။

အင်္ဂလိပ်စာကဏ္ဍအနေနဲ့ တက္ကသိုလ်မှာ မိမိအတန်းကနေ စောစောထွက်ခွာမယ့် အကြောင်း သက်ဆိုင်ရာပါမောက္ခကို ခွင့်ပန်ရာတွင် စကားအသုံးအနှုန်းပြောင်းပြီး ပြောဆိုနိုင်ပုံအကြောင်း တင်ပြထားသည့် “ရွှေသွေးစကားဝိုင်း” ကဏ္ဍနှင့် ဉာဏ်စမ်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက    တစ်စောင်လျှင်   ၄၀၀  ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု ၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊  ရန်ကုန်မြို့။  ဖုန်း- ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ