စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလထုတ်  သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၃ ခုနှစ်၊ ဧပြီလ၊ အတွဲ(၅ဝ)၊ အမှတ်(၄) ကို ထုတ်ဝေ လိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “စားနပ်ရိက္ခာဖူလုံမှုရှိဖို့ ဦးစားပေးဆောင်ရွက်ကြပါစို့” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေး ဦးစားပေးကြဖို့၊ စားနပ်ရိက္ခာဖူလုံရေး ဝိုင်းဝန်း ကြိုးပမ်းပေး၊ စားနပ်ရိက္ခာဖူလုံမှုရှိဖို့ ဦးစားပေးဆောင်ရွက်ကြပါစို့၊ စားနပ်ရိက္ခာ ဖူလုံရေးအတွက် အရေးပါသော ဇီဝနည်းပညာ၊ လူငယ်ရေးရာကဏ္ဍတွင် မြန်မာ့အတွေး၊ ပညာရေးနှင့် လုပ်ငန်းခွင်အမြင် ပုံရိပ်များ၊ အဖေသာလျှင် ခွန်အားအကြီးဆုံး၊ လူတွေက များပေမဲ့ လူတွေက နည်းနေတယ်၊ အနားယူ အပန်းဖြေခြင်း၊ မြူးကြွလှုပ်ရှား ရေတပ်သား၊ တန်ခူး ဧပြီ ခါနွေမည်၏၊ လကမ္ဘာမှာ လူသားများ အခြေချ နေထိုင်ရန် နီးပြီလား၊ တစ်ဖက်သားကို အသိအမှတ်ပြုပါ၊ ပဲစေ့နှစ်စေ့၏ စွန့်စားခြင်း၊ လူငယ်နှင့် ရွေးချယ်မှု၊ ကဗျာကဏ္ဍတွင် ကညာမျက်လုံး အပြုံးသစ္စာ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ဘီလီယံနာများအသုံးပြုသည့် လုပ်ဆောင်ရန်စာရင်း၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ရွှေလမှာ ယုန်ဝပ်လို့ ဖုန်းပွတ်သည့် အဘိုးအို၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာကဏ္ဍတွင် ကျင့်ဝတ်နှင့် အဂတိ လိုက်စားမှု၊ ဒီမိုကရေစီဆိုင်ရာကဏ္ဍတွင် တပ်မတော်၊ ပြည်သူနှင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍတွင် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှု ရန်ပုံငွေ၊ သဘာဝ ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် သစ်ပင်နှင့် တောင်ကမ်းပါးယံပေါ် ကျက်စားသည့် ဆိတ်များ၊ ကလေးအလုပ်သမားဆိုင်ရာကဏ္ဍတွင် ကလေးလုပ်သားပပျောက်ရေး အားလုံးဝိုင်းဝန်း ကြိုးပမ်းပေး၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဆေးလိပ်သောက်သုံးမှု၊ ကျန်းမာရေးဆိုင်ရာ ကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၅၆)၊ ကျန်းမာရေးအတွက် ဆီကို ဆင်ခြင်၍ စားသုံးပါ၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် စီးပွားရေးလုပ်ငန်းအတွက် နည်းလမ်းနှင့်နယ်ပယ် သတ်မှတ်ပါ၊ ဖြစ်ရပ်မှန် ကဏ္ဍတွင် ငါးမန်းများနှင့် ဆုံစည်းခြင်း၊ ဝတ္ထုတိုကဏ္ဍတွင် နှစ်ပေါင်းငါးဆယ် (၈) ရက် အေပရယ်လ်၊  အထွေထွေကဏ္ဍတွင် ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင် ပါသည်။

သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ