လူထုသိပ္ပံကျမ်း အတွဲ (၁) စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း (စာပေဗိမာန်) က ထုတ်ဝေခဲ့သည့် ပထမဆုံးကျမ်း ဖြစ်ပါသည်။
အဆိုပါကျမ်းတွင် စကြဝဠာကို လေ့လာခြင်း၊ ကမ္ဘာတည်ပုံ၊ ခေတ်မီမိုးလေဝသတိုင်းတာမှုပညာ၊ အသက်ဟူသည် အဘယ်နည်း၊ မပြတ်လုံးပန်းနေရသော အသက်နှင့်ကိုယ် တည်မြဲရေး၊ မြေဆီလွှာတွင် မည်သည့်အရာများ ပါဝင်သ¬နည်း၊ လွှမ်းမိုးအုပ်ချုပ်မှုအတွက် ယှဉ်ပြိုင်သူများ၊ ကမ္ဘာကိုကြီးစိုးသူ၊ ကျန်းမာရေး၌ အမြော်အမြင်ရှိခြင်းနှင့် အမြော်အမြင်မဲ့ခြင်း၊ ဒြပ်နှင့် စွမ်းအင် စသည်ဖြင့် သိပ္ပံပညာ သုတေသနလုပ်ငန်းများကို စာစု (၁ဝ) ခု ခွဲခြားကာ ဖော်ပြထားပါသည်။
သိပ္ပံပညာသုတေသနတို့၏ အံ့ဖွယ်ရာများ၊ ပါရမီရှင်-ဉာဏ်ကြီးရှင်တို့၏ တီထွင်အောင်မြင်မှုများ၊ သက်ရှိနှင့် သက်ရှိလောကအကြောင်းရပ်များ ပါဝင်သည့် “လူထုသိပ္ပံကျမ်း အတွဲ (၁) ” ကို စာပေချစ် ပရိသတ်များ သိရှိလေ့လာနိုင်ရန် စာပေဗိမာန်က ဒုတိယအကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေလိုက်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း - ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ - ၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။