စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ အတွဲ(၅ဝ)၊ အမှတ်(၁) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါ သည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ “(၇၅)နှစ်ပြည့် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ဒီမိုကရေစီ၊ ဖက်ဒရယ်နှင့် စိန်ရတုကာလ၊ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ၊ လွတ်လပ်ရေးနဲ့ တာဝန်ရှိမှု၊ တာဝန်ခံမှု၊ လွတ်လပ်ရေးအတွက် အထွက်အမြတ်ထား ရေးသားသီဆိုခဲ့ကြသော တေးသီချင်းများ၊ လွတ်လပ်ရေး ကို တို့ချစ်သည်၊ ဆယ်နှစ်သား၏ ထူးခြားနေ့တစ်နေ့၊ လူငယ်ရေးရာကဏ္ဍတွင် သင်ယူခြင်း၊ လူသုံးမျိုး၊ နည်းနည်းလေးမှ အလစ်ပေးလို့ မရတဲ့အရာ၊ ဟုတ်ကဲ့၊ သင်လုပ်နိုင်ပါတယ်၊ သတ္တိရှိရန် လိုပါသည်၊ ငယ်ငယ် ရွယ်ရွယ် သတိပြုဖွယ်၊ စာသင်ခန်းထဲက သတင်းစာ သို့မဟုတ် ခေတ်စားနေတဲ့ သင်ကြားရေးကိရိယာ၊ အဖြူရောင် ကြယ်များသို့၊ ကဗျာကဏ္ဍတွင် ချစ်တေး ကဗျာ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် အလုပ်ရှင်၊ ဝန်ထမ်းနှင့် ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိမှု၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ဝမ်းကြာတိုက်ကို အငှားလိုက်ကြသူများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍတွင် အချိုးကျကိုယ်စားပြုစနစ်အရ မဲလက်မှတ်နမူနာနှင့် တွက်ချက်ပုံနည်းလမ်း၊ ဒီမိုကရေစီ ဆိုင်ရာကဏ္ဍတွင် ဒီမိုကရေစီ၊ PR နှင့် ၂ဝ၂၃ ဩဂုတ်လ ရွေးကောက်ပွဲ၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ပင်လယ်ရေကို အချဉ်ဖောက်သူများ၊ ခန္ဓာကိုယ်ကို ထွင်းဖောက် မြင်နိုင်သည့် ရေသတ္တဝါများ၊ ကမ္ဘာ့အပူချိန်လျှော့ချရေး၊ အကြမ်းဖက်မှုဆိုင်ရာကဏ္ဍတွင် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ကဏ္ဍစုံပါဝင်ပေး၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် စိတ်ကြွရူးသွပ်ဆေးကြောင့်ဖြစ်သော ရောဂါ များ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် အစားအစာ၊ အာဟာရနှင့် ကျန်းမာခြင်း၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၅၃)၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုဈေးကွက်နှင့် စီးပွားရေးတိုးတက်မှု၊ ၈၀/၂၀ အခြေခံသဘောတရား၏ အနှစ်သာရ၊ အာဘေးနောမစ်၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ပုရွက်ဆိတ်တစ်ခါကိုက်ထက် ပိုပါသည်၊ သမိုင်းစာမျက်နှာ ပေါ်က လက်စွပ်လေး၊ သမီးတစ်ယောက်နှင့် ဖြတ်သန်းခြင်း၊ ဝတ္ထုတို ကဏ္ဍတွင် စက္ခုဩဇာ၊ အထွေထွေကဏ္ဍ တွင် တမ်းတမိတဲ့ ညနေခင်း၊ ဖတ်သမျှ ဒဿနနှင့် ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။

 သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၃၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကား မှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ