၁၄ - ၁ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၂) ၌ လူဆင်းရဲသော်လည်း စာရိတ္တမဆင်းရဲဘဲ ရိုးသားစွာ အလုပ်လုပ်ကိုင်သော သားအမိနှစ်ဦးသည် အလုပ်ရှင်သူဌေးကြီး၏ ဂုဏ်ပြုလက်ဆောင် ရရှိပုံကို တင်ဆက်ထားသည့် “ရိုးသားဆု” မျက်နှာဖုံးကာတွန်းဇာတ်လမ်း၊ စာများများဖတ်ခြင်းကြောင့် ဗဟုသုတရရှိပြီး စာစီစာကုံးပြိုင်ပွဲတွင် အထူးဆုရရှိသည့် မိဆုအကြောင်းကို တင်ဆက်ထားသည့် “စာဖတ်ခြင်း၏ အကျိုး”နှစ်မျက်နှာကာတွန်း၊ မြန်မာနိုင်ငံ၏ ဧရိယာအကျယ်အဝန်း မည်မျှရှိသည်ကို မေးသည့်ဆရာနှင့် တပည့်တို့၏ ဟာသဖြစ်ဖွယ် အမေး၊ အဖြေအကြောင်း တင်ဆက်ထားသည့် “ပေါတောလေး မသိသေးလို့ပါ” တစ်မျက်နှာကာတွန်း၊ အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် ကူညီတတ်သူသည်သာ မိတ်ဆွေကောင်းဖြစ်ပုံကို တင်ဆက်ထားသည့် “မိတ်ဆွေ”နှစ်မျက်နှာကာတွန်း၊ နာရီနှိုးစက်သံ မကြားဘဲ အိပ်ပျော်သွားပြီး ကျောင်းနောက်ကျသည့်အတွက် အပြစ်ပေးခံရသည့် ဖြိုးရဲအကြောင်း ဟာသဖြစ်ဖွယ် တင်ဆင်ထားသည့် “အအိပ်ကြီးသူ” နှစ်မျက်နှာကာတွန်း၊ မြည်းတစ်ကောင်နှင့် သားအဖနှစ်ယောက် ပုံပြင်အကြောင်းကို ခေတ်သစ်အတွေးဖြင့် ပြန်တွေးသည့် ရန်ပိုင်စိုးအကြောင်း တင်ဆက်ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ခန္ဓာကိုယ်အတွက် အာဟာရဓာတ်ပေးစွမ်းသည့် ဓာတ်သတ္တုများ ပါဝင်သော ရောဂါအချို့ကို ကာကွယ် ပေး၍ ကိုယ်ခံ‌အားကောင်းစေသော ကြက်ဥအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ကြက်ဥ စားကြပါစို့”သုတဆောင်းပါး၊ မိသားစုအခြေအနေကြောင့် ကျောင်းဆက်မတက်ဘဲ အလုပ်လုပ်နေရသည့် သူငယ်ချင်းကို ကျောင်းပြန်တက်နိုင်အောင် ဖခင်ထံ အကူအညီတောင်းသည့် အကြောင်းရေးသားထား သည့် “ငယ်စဉ်အခါ ပညာရှာ”ဝတ္ထုကဏ္ဍ၊ မိကျောင်းကြီးသည် သူ့ကိုနေ့စဉ်ပန်းသီးများ ကျွေးနေသော မျောက်၏ ကျေးဇူးကို မထောက်ထားဘဲ ကျေးဇူးရှင်မျောက်၏ အသည်းနှလုံးကို စားချင်မိသည့် လောဘစိတ်ကြောင့် အရာအားလုံး ဆုံးရှုံးခဲ့ရသည့်အကြောင်း ရေးသားထားသည့် “ကျေးဇူးရှင်ကို ကျေးစွပ်သူ” ပုံပြင်ကဏ္ဍနှင့် မွန်ပြည်နယ်တွင် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ကျိုက်ထီးရိုးစေတီ အကြောင်းကို ရေးသားထားသည့်“ကျိုက်ထီးရိုးစေတီတော်”ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် ကွင်းဆင်းလေ့လာရေးခရီးတစ်ခုနှင့် ပတ်သက်၍ အပြန်အလှန် ပြောဆိုပုံများကို ရေးသားထားသည့် ဆရာ KML၏ “English Daily Conversation” ရွှေသွေးစကားဝိုင်းကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ