၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်တွင် စာအုပ် (၈) မျိုး ထပ်မံရရှိ
၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၂ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၂ ခုနှစ်အတွင်း ပထမ အကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့ လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်တွင် စာအုပ် (၈) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါအတိုင်း စုစည်း ဖော်ပြအပ်ပါသည် -
(၁) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်းပါးများ – အောင်ကြည်ညွန့် (တက္ကသိုလ်)၊ (၂) လူငယ်တွေ အောင်မြင်ဖို့ဆိုလျှင် - သန်းစိုးအောင်၊ (၃) ဘဝတစ်ဆစ်ချိုး ပျိုးခင်းရသကဗျာများ- ဦးတိုး (တက္ကသီလ)၊ (၄) ရှင်သန်ခြင်းအက်ဆေး - မျိုးချစ်၊ (၅) မွေးမေ့ရင်ခွင် ပြန်ရောက်လာသည့် နန်းစဉ်ရတနာ ပတ္တမြား ငမောက် -ကိုလေး (စစ်တက္ကသိုလ်)၊ (၆) တောင်တန်းပြာသို့အလွမ်း - မြခြူးအိမ်၊ (၇) အိပ်မက်လွန် နယ်မြေ- မြခြူးအိမ်၊ (၈) “သီသီနှင့်ကြည်ကြည်” နှင့်အခြားစာစုများ - ချစ်ဆွေမြင့်