၃၁ - ၁၂ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၅၃) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ်(၅၃)၌ ကလေးများအနေဖြင့် မိမိတို့၏လွတ်လပ်မှုအတွက် အခြားသူများကို ထိခိုက်မှု မရှိစေဘဲ ကစားတတ်စေရန်နှင့် လူကြီးမိဘဘိုးဘွားများကို ရိုသေ‌လေးစားရင်းဖြင့် မိမိ၏လွတ်လပ်မှုကို ရယူသင့်ကြောင်း တင်ဆက်ထားသည့် “လွတ်လပ်ခြင်း၏ အနှစ်သာရ” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးကို ကူညီဆောင်ရွက်ပေးပါက မိမိ၏လိုအင်ဆန္ဒများ ပြည့်ဝနိုင်ပုံအကြောင်းကို တင်ဆက် ထားသည့် “ဖြိုးရဲ- ကူညီမယ်” နှစ်မျက်နှာကာတွန်း၊ အစားမက်၍ လောဘကြီးသည့် စိတ်ကြောင့် အသက်ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည့် ကြွက်ကလေးတစ်ကောင်အကြောင်းကို ရေးဖွဲ့ထားသည့် “အစားမက်သော ကြွက်လေး” နှစ်မျက်နှာကာတွန်း၊ ငါးမျှားသွားမည့် ပေါလေးကို သူ့ဦးလေးက ငါးမျှားခြင်းဖြင့် ရရှိလာသည့် ဆိုးကျိုး များနှင့် ပြောဆိုဆုံးမသည့်အကြောင်းကို တင်ဆက်ထားသည့် “ငါးမမျှားတော့ပါ” နှစ်မျက်နှာ ကာတွန်း၊ ဈေးမှ ကြက်ဥလတ်လတ်ဆတ်ဆတ်များ ဝယ်လာပုံကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ဖိုးသား” တစ်မျက်နှာကာတွန်း၊ ရန်ပိုင်စိုးနှင့် သူ၏ဦးလေးတို့ ဟင်းချက်စရာအကြောင်းကို အပြန်အလှန် ပြောဆိုပုံဖြင့် တင်ဆက်ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် ကလေးများအတွက် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရရှိပုံသမိုင်းအကျဉ်းကို လေ့လာ မှတ်သားနိုင်ရန်နှင့် လွတ်လပ်ရေးကို အဓွန့်ရှည်အောင် လက်ဆင့်ကမ်း ထိန်းသိမ်းသင့်ကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ မိခင်မှာ အမှိုက်သိမ်းရသော စည်ပင်ဝန်ထမ်းဖြစ်၍ မိမိကိုယ်တိုင်အမှိုက်လူသား ဖြစ်ကာ အခြားအမှိုက်များ မရှိစေချင်သော ကိုထိုက်၏ ဆန္ဒနှင့် ဘဝအကြောင်းကို ရေးဖွဲ့ထားသည့် “အမှိုက်ဖြစ်ချင်သူ” ဝတ္ထုနှင့် မိမိတို့၏ အပြုအမူများကြောင့် သူတစ်ပါး၏ စားဝတ်နေရေးကို ထိခိုက် သွား၍ နောင်တရရှိသွားသော မိန်းကလေးတစ်သိုက်အကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “သရဲခြောက်သည့် သရက်ပင်” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ”၊ ကလေးတို့အနေနဲ့ ပေးထားသော တိရစ္ဆာန်လေးများ၏ အမည်အပြည့်အစုံကို ကွက်လပ်၌ ဖြည့်ပေးနိုင်မည့် ဉာဏ်စမ်းနှင့် လွတ်လပ်ရေးနေ့ အကြောင်းကို ဗဟုသုတရဖွယ် စပ်ဆိုထားသည့် ဆရာကိုဇော်ဌေး (ယဉ်ကျေးမှု)၏ “လက်ဆင့်ကမ်းပေး လွတ်လပ်ရေး” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍအနေဖြင့် ဝါကျ နှစ်ကြောင်းကို Conjunction ဖြစ်သည့် If နှင့် ဆက်ထားသည့် Conditional Clause အကြောင်းကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ