၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ၊ အတွဲ(၄၉)၊ အမှတ်(၁၂) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြ ထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ “သွေးသည် အသက်” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် သွေးသည် အသက်၊ အသက်သည် လည်း သွေး၊ သွေးသည် အသက်၊ လူငယ်ရေးရာကဏ္ဍတွင် စဉ်းစားဆင်ခြင်ခြင်းမှ ရသော အနုပညာ၊ စိတ်အစွဲ၊ အာသာလော၊ သဒ္ဓါလော၊ သီရိလော၊ ဟီရိလော၊ အသေးအမွှား အလေးထား၊ ရည်ညွှန်းဖွဲ့ဆိုလိုက်ပါရစေ၊ လူငယ်နှင့် စီးကရက်၊ ပြေး ပက်တီ ပြေး၊ နှုတ်ခွန်းဆက်သပါသည် ဒီဇင်ဘာ၊ ကဗျာကဏ္ဍတွင် အဘွားအို၊ ကလေး အလုပ်သမားဆိုင်ရာကဏ္ဍတွင် ကလေးလုပ်သား ပပျောက်ရေး အလားအလာကောင်းများ ဖန်တီးပေး၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ကံတရားကို သင်ပြောင်းလဲနိုင်ပါသလား၊ နိုင်ငံတကာရေးရာ ကဏ္ဍတွင် ဝမ်းကြာတိုက်ကို အငှားလိုက်ကြသူများ၊ ဒီမိုကရေစီဆိုင်ရာကဏ္ဍတွင် ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် နှာခေါင်းစည်းညစ်ညမ်းမှု၊ မြေရှားပါးသော မြို့များ တွင် အောင်မြင်နေသည့် စိုက်ပျိုးရေးလုပ်ငန်း၊ အကြမ်းဖက်မှုဆိုင်ရာကဏ္ဍတွင် ပေါက်ကွဲမှုများ သတိထား၊ ကျန်းမာရေးဆိုင်ရာ ကဏ္ဍတွင် မြွေဆိပ်ဖြေဆေးတွေကို ဘယ်လိုထုတ်လုပ်သလဲ၊ ၂ဝ၂၂ ခုနှစ် တစ်ကျော့ပြန် ကိုဗစ်-၁၉ ကပ်ရောဂါ၊ ဆန်းသစ်ဖွေရှာဆေးပညာ (၂၅၂)၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် ခေါင်းဆောင်တွေမှာ အနာဂတ် အမြင် ရှိကြတယ်၊ ဝတ္ထုတိုကဏ္ဍတွင် အောက်မေ့ဖွယ်ရာ ညများစွာ၊ အထွေထွေကဏ္ဍတွင် ဂျိုးရဲ့နှာခေါင်း ကျွန်တော်၊ ငြိမ်းချမ်းရေးနှစ် ၂ဝ၂၂၊ ဓာတ်လိုက်ခြင်းအကြောင်း (၂)နှင့် ဟာသ စသည်ဖြင့် ကဏ္ဍမျိုး စုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်း နှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာ ယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။