ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၅၁)၌ အေးချမ်းဆိတ်ငြိမ်ပြီး အန္တရာယ်ကင်းသော ကျေးလက်ဒေသကိုပဲ မက်မောသည်ဆိုသော တောကြွက်ကလေးစိစိအကြောင်း သရုပ်ဖော်ထားသည့် “ကြွက်ကလေးကိကိနှင့် စိစိ” မျက်နှာဖုံး ကာတွန်း၊ မိဘပြောစကားကို မလိုက်နာမိရာက ဒုက္ခနှင့်ကြုံတွေ့ရသော ကျောင်းသူလေး ခင်သန့် အကြောင်း သရုပ်ဖော်ထားသည့် “ဖြိုးရဲ- အလှမက်သူလေး” နှစ်မျက်နှာကာတွန်း၊ ဖိုးဇော်အတွက် မရှိ မဖြစ် အဓိကလိုအပ်ချက်မှာ ငွေဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “ငွေ” နှစ်မျက်နှာကာတွန်း၊ ဉာဏ်အမြော် အမြင်ကောင်းသော အမတ်ကြီးတစ်ဦး၏ သားအကြောင်း ရေးဖွဲ့ထားသည့် “အမေပြောသော ပုံပြင်များ” နှစ်မျက်နှာကာတွန်း၊ ရေခဲမုန့်ကို မနက်စာအဖြစ် စားနေသော ဟန်သီမအကြောင်း တင်ဆက်ထားသည့် “ဟန်သီမ” တစ်မျက်နှာကာတွန်းနှင့် အဘိုးဖြစ်သူမှာ အခုချိန်ထိ သွားတစ်ချောင်းသာ ပေါက်သေးသည်ဆိုသော လူငယ်လေးတစ်ယောက်အကြောင်း ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့်“ဟုတ်ရဲ့လား” မျက်နှာ ဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် အပင်တစ်ပင်ရှိ အရေးကြီးအစိတ်အပိုင်းနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များ အကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် နှစ်ရှည်လများ မကောင်းမှု အကုသိုလ်ကို ကျူးလွန်မိရာက နောက်ပိုင်းတွင် ထိုမကောင်းမှုအကုသိုလ်များကြောင့် လူသားစင်စစ်ဖြစ် သော်လည်း ပြိတ္တာကြီးပုံစံဖြင့် ကိုယ်ခန္ဓာတစ်ခုလုံး မီးကဲ့သို့ ပူလောင်မှုကို ခံစားနေရသော လူသန်ကြီး အကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် မြန်မာလူမျိုး တို့၏ ထမင်းဝိုင်းတွင် အမြဲလိုပါ တတ်သော ဟင်းလျာတစ်မျိုးဖြစ်သည့် ငါးပိရည်နှင့် ငါးပိပြုလုပ်ပုံအကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက် ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် သားသား၊ မီးမီးတို့အနေဖြင့် မြေလွှာပျော့ပျောင်းသော ရာသီဥတုအချိန်တွင် သစ်ပင်ပန်းမန်များကို စိုက်ပျိုးတတ်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် ဆရာမင်းနီခိုင် (မောင်တော)၏ “စိုက်ပျိုးသစ်ပင် ရှင်စေ ချင်” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အင်္ဂလိပ်စာဝါကျ တည်ဆောက်ရာတွင် သုံးသည့် မတူညီသော Conditional Clause အသုံးနှစ်မျိုးနှင့် ပတ်သက်၍ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁ ၈၁၄၄၈၊ ၀၁-၂၄၉၀၃၁သို့ ဆက်သွယ်မှာယူနိုင်ပါသည်။