ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဦးညွန့်ဝေ (B.A,B.Ed) ၏ “မြန်မာ့သုတပညာရေးမှတ်တိုင်များ” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိပါသည်။
ယင်းစာအုပ်တွင် မြန်မာ့ပညာရေးမှတ်တိုင်များဟုဆိုသည့်အတိုင်း ဘီစီ ၅၈၈ မှ အေဒီ ၂၀၂၀ အထိ နှစ်ပေါင်း ၂၆၀၈ နှစ်အတွင်း ရဟန်းရှင်လူပေါင်း ၅၀၀ နီးပါး၊ အချက်အလက်ပေါင်း ၁၅၀၀ နီးပါးကို သုတေသနပြု ရှာဖွေပြုစုထားသော စာမူဖြစ်သည်။
မဟာသက္ကရာဇ် ၁၀၃ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသော အချိန်ကာလမှစပြီး ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့ခေတ်၊ ဂျပန်ခေတ်၊ ဒုတိယအကြိမ် အင်္ဂလိပ်များ ရောက်ရှိအုပ်စိုးသည့်ခေတ်၊ လွတ်လပ်ရေးရပြီး ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အစိုးရခေတ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်၏ ပညာရေးမှတ်တမ်း၊ မှတ်တိုင်များကို ရက်စွဲနှင့်တကွတိတိကျကျ ရှာဖွေသုတေသနပြု ရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၃၅၀၀ ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရ ရှိသည်။