စာပေဗိမာန်ရုံး စာတည်းမှူးချုပ်ဦးတိုးကျော်နှင့် စာတည်းဌာနမှ အရာထမ်းများသည် စာပေဗိမာန် ပိုမိုတိုးတက်လာစေရန် လုပ်ဆောင်သင့်သည်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို (၁၄-၁၂-၂၀၂၂) ရက် နေ့လယ် (၁:၄၅) နာရီတွင် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ အစည်းအဝေး ကျင်းပခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် စာတည်းမှူးချုပ်က စာတည်းဌာနအောက်ရှိ ဌာနစိတ်အသီးသီးအား မိမိတို့ဌာနစိတ်နှင့် ပတ်သက်၍ ယခုထက် ပိုမိုတိုးတက်လာစေရန် လုပ်ဆောင်သင့်သည့် အချက်များ၊ ပြောင်းလဲရမည့် အရာများကို မှာကြားပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနစိတ်များမှလည်း လုပ်ဆောင် နေသည့် လုပ်ငန်းများ၊ လုပ်ဆောင်သွားမည့်လုပ်ငန်းများအကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။
ထို့နောက် စာတည်းမှူးချုပ်က ဝန်ထမ်းများအား ယခုထက်ပိုမို၍ မိမိတို့၏ လုပ်နိုင်စွမ်းကို အသုံးချ သင့်ကြောင်း၊ မိမိတို့အနေဖြင့် စာပေဗိမာန်၏ မူလရည်ရွယ်ချက်များကို အကောင်အထည်ဖော် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြောကြားကာ အစည်းအဝေးကို နေ့လယ် (၃:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။