ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်ထုတ် အတွဲ (၇၅) ၊ အမှတ် (၄၇) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ ရောင်းချလျက် ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၄)တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ် အမိန့်ကြော်ငြာစာ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတ (ပြည်ထောင်စုအစိုးရအဖွဲ့ရုံး) အမိန့်ကြော်ငြာစာ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အမိန့်ကြော်ငြာစာ၊ အမျိုးသားစံချိန်စံညွှန်းကောင်စီ အမိန့်ကြော်ငြာစာ၊ကာကွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ပြည်ထောင် စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အမိန့်ကြော် ငြာစာ၊
အပိုင်း (၂) တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) C.S UNDERWEAR COLLECTION COMPANY LIMITED၊ YATI TUN COMPANY LIMITED ဖျက်သိမ်းရန် ကြေညာချက်၊ Texplus Garment Company Limited၊ LMS COMPANY LIMITED (အစုရှင်များ ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ Mitsui E & S Machinery Co., Ltd (Yangon Branch) လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ-၁၄၇(က) အရ မြန်မာပြည်ရုံး ခွဲဖျက်သိမ်းကြောင်းကို အများသိစေရန်ကြော်ငြာခြင်း၊ GENERAL TRADELINK COMPANY LIMITED၊ A H P COMPANY LIMITED (ဆန္ဒအလျောက်ဖျက်သိမ်းဆဲ) နောက်ဆုံးအကြိမ်အစည်းအဝေးခေါ်ယူခြင်း၊ Notice Under Section 208 (E) Myanmar Companies Act AGRITERRA TRAINING AND ADVICE MYANMAR LIMITED (Members Voluntary Winding-up) Invitation to Final Meeting တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင် လျှင် ၆၇၅ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ်-တ (၅၅)၊ သပြေကုန်းစျေး၊ နေ ပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။