၁၉ - ၁၁ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၇) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၄၇)၌ မိမိ၏ အတ္တနှင့်ပေါ့ဆမှုကြောင့် စာမေးပွဲတွင် ဒုတိယဆုသာရရှိခဲ့သော ပုပု အကြောင်းကို ကလေးများ အတုယူရှောင်ရှားနိုင်စေရန် တင်ဆက်ထားသည့် “ပုပုပါဝင်သည့် နောင်ဆို သတိထားရမယ်” မျက်နှာဖုံးကာတွန်း၊ စိမ်းလဲ့နှင့် ပါဂျဲတို့နှစ်ဦး တစ်ဦးနှင့်တစ်ဦး တွက်ကတ်နေ၍ ဟင်းအိုးတူးသွားရသည်ကို တင်ဆက်ထားသည့် “တွက်ကတ်ကြလို့” နှစ်မျက်နှာကာတွန်း၊ လူနှင့် အခြားသတ္တဝါများ အရိပ်နားခိုနိုင်ရန်နှင့် စားသောက်နိုင်စေရန် သီးပင်စားပင်များ စိုက်ပျိုးလှူဒါန်းမှုကြောင့် အသက်ရှည်ကျန်းမာခဲ့ရသော မြေပိုင်ရှင်သူဌေးတစ်ဦးအကြောင်းကို တင်ဆက်ထားသည့် “မနေရတဲ့အခါ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းများကို ဒုက္ခရောက်မည့်အခြေအနေမှ ကယ်တင်ခဲ့သော ကိုစည်၏ သူငယ်ချင်းကောင်း ပီသမှုကို ဖော်ကျူးရေးဖွဲ့ထားသည့် “သူငယ်ချင်းကောင်း” နှစ်မျက်နှာကာတွန်း၊ လူထုအကြား ပြန့်ပွားနေဆဲဖြစ်သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်အချို့ကို တင်ဆက်ထားသည့် “ဖိုးလပြည့်” တစ်မျက်နှာကာတွန်းနှင့် ဦးအော၏ အင်္ကျီအိတ်ကပ်ထဲမှ ပိုက်ဆံကို အလှူပေးလိုက်သော ရန်ပိုင်စိုးအကြောင်းကို ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ကလေးများ ဗဟုသုတပွားများစေရန်အလို့ငှာ မြန်မာပြက္ခဒိန်၏ နတ်တော်လဆန်း ၁ ရက်တွင် ကျင်းပလေ့ရှိသော စာဆိုတော်နေ့အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “စာသဘင်ပွဲ ဆင်နွှဲရွှင်ပျော် လနတ်တော်” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ မည်သည့်ပညာရပ်မဆို ငယ်ရွယ်စဉ်၌ ကျွမ်းကျင်မှုရှိစေရန် သင်ယူထားသင့်ကြောင်း သိရှိနိုင်စေရန် ရေကူးပညာ သင်ယူမထား၍ ရေနစ်ခဲ့ရသည့် ချောစုအကြောင်းကို အတုယူဖွယ် တင်ဆက်ထားသည့် “လေ့လာမှပေါ့”  ဝတ္ထုဏ္ဍနှင့် ကောက်ကျစ်သော မြေခွေးကို ပေါင်းသင်းမိ၍ အသက်ဆုံးရှုံးသွားရသော ကျားလေးအကြောင်းကို တင်ဆက်ထားသည့် “အပေါင်းအသင်းမှားလျှင်” ပုံပြင်ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့အနေဖြင့် မိမိတို့ စိတ်ကြိုက်အရောင်များကို ရွေးချယ်ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ဉာဏ်စမ်းကဏ္ဍ၊ ကလေးတို့ ပေးပို့သော ကာတွန်းများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကာတွန်းကဏ္ဍနှင့် စာပေပညာရှင်များ၏ ဂုဏ်ကျေးဇူးနှင့် ပူဇော်ကန်တော့ပွဲ အကြောင်းကို ရေးဖွဲ့ထားသည့် “ဦးခိုက်ပူဇော် စာဆိုတော်” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် Conjunction နှင့် သက်ဆိုင်သော ပြန်လှန်လေ့ကျင့်ခန်းများကို ဥပမာဝါကျများနှင့်တကွ လေ့လာနိုင်မည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” ကဏ္ဍကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ