၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုနှင်းသဘင်ကို နိုဝင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC – II) ၌ ကျင်းပမည် ဖြစ်သည်။
ဆုရရှိသူစာရင်းအား အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး ဆုနှင်းသဘင်အခမ်းအနားသို့ ဆုရရှိသူများ၊ ဆုရစာအုပ်များကို ထုတ်ဝေခဲ့သည့် စာပေတိုက်များနှင့် ထုတ်ဝေသူများ၊ အမျိုးသားစာပေ တစ်သက်တာဆုနှင့် စာပေပညာရှင်များအားလုံး အပါအဝင် စာပေဆိုင်ရာအဖွဲ့အစည်းများသို့ ဖိတ်ကြားထားကြောင်း သိရသည်။
အစမ်းလေ့ကျင့်ပွဲကို နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ရာ ဆုရရှိကြသူများအနေ ဖြင့် စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီ (စာပေဗိမာန်) နေပြည်တော် ဖုန်း ၀၆၇-၃၄၁၂၂၀၃ နှင့် ၀၉- ၄၂၀၁၃၀၄၈၁ တို့သို့ သတင်းပို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။