၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ(၄၉)၊ အမှတ်(၁၁) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ “ကလေးအလုပ်သမား ပပျောက်ရေး အလေးထားဆောင်ရွက်ပေး” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါး ကဏ္ဍတွင် ကလေးလုပ်သားပပျောက်ရေး ကြောင်းကျိုးညီညီ တိုက်ဖျက်ပေး၊ ကလေးအလုပ်သမား ပပျောက်ရေး အလေးထားဆောင်ရွက်ပေး၊ ကမ္ဘာလုံးဆိုင်ရာ ကလေးအလုပ်သမားဘဝ၊ လူငယ်ရေးရာ ကဏ္ဍတွင် ဘုရားသခင်၊ ငရဲနှင့် နိဗ္ဗာန်၊ ပဲ့တင်သံ၊ မိဘသွေးလိုက် မျိုးစရိုက် နှစ်ခြိုက်မပစ် မွေ့တတ်သည်၊ ယုံကြည်စိတ်ချ အားထားရလေ အောင်၊ အနှစ်မပါ အပြစ်ရှာတတ်သူတွေအတွက် စကားလုံးလေးတွေ၊ ခရီးသွားအများဆုံး တိုက်သားများ၊ မင်္ဂလာပါ နိုဝင်ဘာ၊ ပုန်းကွယ်နေတဲ့ အရည်အသွေး၊ လူငယ်နှင့်စာနာမှု၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ဝန်ထမ်း အချင်းချင်း ထိတွေ့မှု၊ အလွတ်သဘော အစည်းအဝေးများနှင့် မန်နေဂျာများ၏ ကျဆုံးခန်း၊ ကြီးထွားလာနေသော ဆေးဝါးအတု အင်ပါယာ၊ အမုန်းစကားဆိုင်ရာကဏ္ဍတွင် တားဆီးတုံ့ပြန် အမုန်းစကားရန်၊ ဒီမိုကရေစီဆိုင်ရာ ကဏ္ဍတွင် နိုင်သူအကုန်ယူ ဒီမိုကရေစီ၊ ကိုယ်စားပြု ဒီမိုကရေစီနှင့် လွှတ်တော်၊ သဘာဝပတ်ဝန်းကျင် ရှုထောင့် ဆိုင်ရာကဏ္ဍတွင် မျက်မှောက်ကာလ၏ စံချိန်တင် မျိုးသုဉ်းပျောက်ကွယ်နေမှုများ (အပိုင်း-၂)၊ မူးယစ် ဆေးဝါး ဆိုင်ရာကဏ္ဍတွင် အရက်သောက်သူများ သတိထားစေချင်၊ အကြမ်းဖက်မှုဆိုင်ရာကဏ္ဍတွင် ကလေးသူငယ် များကို ခြိမ်းခြောက်လာနေသည့် ညစ်ညမ်းပုံရိပ်များ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ကိုဗစ်-၁၉ ပေးသော သွေးချို ဆီးချိုရောဂါ၊ ဆန်းသစ် ဖွေရှာ ဆေးပညာ (၂၅၁)၊ စီးပွားရေးဆိုင်ရာ ကဏ္ဍတွင် ပျော်ရွှင်မှုဘောဂဗေဒ၊ ပျော်ရွှင်ခြင်းနိုင်ငံ၊ ဝန်ဆောင်မှုကို မြှင့်တင်ခြင်း၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် မိသားစုတွင်း နှလုံးရောဂါ ဖြစ်ပွားလာ သော်၊ ဝတ္ထုတိုကဏ္ဍတွင် နိုဝင်ဘာ (၁၁) ရက်ရဲ့ ထူးခြားချက်များ၊ အထွေထွေကဏ္ဍတွင် ကတ်များ၏ အဓိပတိ၊ ဓာတ်လိုက်ခြင်း အကြောင်းနှင့် ဟာသ စသည်ဖြင့် ကဏ္ဍ မျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ် ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ် ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကား မှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။