မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

 မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၂၀၂၃ ခုနှစ်အတွက် အစည်းအဝေးကို ၆-၁၁-၂၀၂၂ ရက်၊ နေ့လယ် (၂:၀၀) နာရီတွင် စာပေဗိမာန်ရုံး၊ အစည်းအဝေးခမ်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး အစီအစဉ် (၁) တွင် မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ-၂ ဆရာကြီးဒေါက်တာမျိုးသန့်တင်က အဖွင့်အမှာစကားပြောကြားခြင်း ဖြင့် အစည်းအဝေးကို စတင်ခဲ့ပါသည်။

အစီအစဉ် (၂) တွင် မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ အတွင်းရေးမှူး၊ စာပေဗိမာန် စာတည်းမှူးချုပ်က မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၂၀၂၃ ခုနှစ်အတွက် ပြုစုထားရှိမှုအခြေအနေများကို တက်ရောက်လာသော ဆရာကြီး၊ ဆရာမကြီးများကို တင်ပြခဲ့သည်။

အစီအစဉ် (၃) တွင် မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ စာပေဗိမာန် စာတည်းမှူး ဒေါ်ဇင်မာထွေးက မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၂၀၂၃ ခုနှစ်အတွက် လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။

အစီအစဉ် (၄) တွင် မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ ဆရာကြီး၊ ဆရာမကြီးများက မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၂၀၂၃ ခုနှစ်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ပြောကြား ဆွေးနွေးခဲ့ပါသည်။

အစီအစဉ် (၅) တွင် မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ-၂ က နိဂုံးချုပ် အမှာစကားပြောကြားခြင်းဖြင့် အစည်းအဝေးကို နေ့လယ် (၃:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

1--

2-167

3-93

4-49

5-30

6-24

7-11

8-11

9-4

 

အကြံပြုစာ/တိုင်ကြားစာ